Saturday, September 3, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အီတလီအထက်လွှတ်တော် နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



Image may contain: 2 people , table and indoor
နေပြည်တော် စက်တင်ဘာ ၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီအထက် လွှတ်တော် နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Pier Ferdinando Casini အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် နိုင်ငံ တကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ကော် မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းသန့်ဇင်၊ ဦးခွန်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ အီတလီသံအမတ်ကြီး H.E.Mr. Pier Giorgio Aliberti လည်း တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment