Saturday, September 3, 2016

တပ်မတော် (ကြည်း၊ ရေ၊ လေ) အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂

ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဘရူနိုင်းကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးသည်။ 

ဆက်လက်၍ ဘရူနိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အတွေ့အကြုံနှင့် ကျွမ်းကျင် မှုများ ဖလှယ်ရေး၊ အာဆီယံအဖွဲ့အစည်း စိတ်ဓာတ်ဖြင့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေ ရန် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြ သည်။

ယင်းနောက် ဘရူနိုင်းတပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များအား ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင် နှင့်ဇနီး၊ သံရုံးမိသားစုများက နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment