Friday, September 2, 2016

ဂါဘွန်သမ္မတ ဘွန်ဂို ပြန်လည်ရွေးကောက်တင်မြှောက်ခံရ ဆန္ဒပြဆန့်ကျင်မှုများဖြစ်ပွား


Image may contain: 4 people , shoes and outdoor
ဝါရှင်တန် စက်တင်ဘာ ၁

ဂါဘွန်၌သမ္မတ အလီဘွန်ဂိုသည် အဓိကယှဉ်ပြိုင်ဘက်ဖြစ်သည့် ဂျင်ပင်းကို အနိုင်ရရှိပြီး သမ္မတအဖြစ်ပြန်လည်ရွေးချယ်တင် မြှောက်ခံရသည့်အတွက် ¤င်းကို ဆန့်ကျင်သည့် အတိုက်အခံအုပ်စုများ ဒေါသအကြီးအကျယ်ထွက်ခဲ့ကာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူ များနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး လွှတ်တော်အဆောက်အအုံကို မီးရှို့ခဲ့ကြသည်။
အာဖရိကအလယ်ပိုင်း ရေနံထုတ်လုပ်သူများပါဝင်သည့် အတိုက်အခံအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် ဘွန်ဂိုမိသားစုက ရာစုနှစ်တစ်ဝက်ကြာ အာဏာရယူခဲ့ပြီးသည့် နောက်တွင် နောက်ထပ်ခုနစ်နှစ်ကြာအာဏာစွဲကိုင်ထားရန် ချဲ့ထွင်လာမည့် စနေနေ့ကထုတ်ပြန်သည့် မဲရလဒ်ကြေညာမှုအပေါ် ငြင်းဆန်ကန့်ကွက်ခဲ့သည်။
ဂါဘွန်ရွေးကောက်ပွဲသည် ခါးသီးသည့် ဆူပူလှုပ်ရှားမှုတစ်ရပ်ကို ပေါ် ပေါက်လာစေခဲ့သည်။ ရွေးကောက်ပွဲတွင် ပင်းကမဲရလဒ် ၄၈ ဒသမ ၂၃ မဲရရှိပြီး ဘွန်ဂိုက ၄၉ ဒသမ ၈ဝ မဲဖြင့် အနိုင်ရရှိ ကြောင်း ဒေသတွင်းမဲရလဒ်ကြေညာမှုများအရ ပြည်ထဲရေးဝန်ကြီး ပါကမ်းမူဘဲဘက်ဗိုဘီယာက ပြောကြားခဲ့သည်။
မဲရလဒ်များကို နိုင်ငံပိုင်ရုပ်မြင် သံကြားဌာနများမှ ကြေညာပြီး မကြာမီ အချိန်အတွင်းမှာပင် အိမ်နီးချင်းမြို့တော် လစ်ဘရီ ဘီလီးတွင် အတိုက်အခံအုပ်စုဝင် ၁ဝဝ ကျော်တို့က ဆန္ဒပြဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြပြီး ရဲများက လူအုပ်အတွင်းသို့ မျက်ရည် ယိုဗုံးများပစ်၍ ဖြိုခွင်းခဲ့ကြရကြောင်း ရိုက်တာသတင်းဌာနမှ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ သည်။

(ရိုက်တာ)

No comments:

Post a Comment