Friday, September 2, 2016

အလက်စကာ၌ လေယာဉ်နှစ်စင်းတိုက်မိ ခရီးသည်ငါးဦးသေဆုံး


No automatic alt text available.
အလက်စကာ စက်တင်ဘာ ၁

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် စီးပွားရေးလုပ်ငန်းသုံး လေယာဉ် ငယ်နှစ်စင်းတိုက်မိပြီး လူငါးဦးသေဆုံးသွားကြောင်း သိရသည်။
ရုရှားမစ်ရှင်အဖွဲ့ရှိသည့် ကျေးရွာအနီးတွင်ဖြစ်ပွားသည့် အဆိုပါ လေယာဉ် နှစ်စင်းတိုက်မှုတွင် အသက်ရှင်လွတ်မြောက်သူတစ်ဦး တစ်ယောက်မျှမရှိကြောင်း သိရသည်။
သေဆုံးသွားသူများတွင် သုံးဦးမှာ Cessna မှ Hageland သို့သွားရောက် သည့် ဒေသတွင်းလေကြောင်းလိုင်းတွင် လိုက်ပါလာသူများဖြစ်ပြီး ကျန်နှစ်ဦးမှာ Renfro's Alaskan Adventures ခရီးသွားကုမ္ပဏီပိုင်ဖြစ်သည့် ပိုက်ပါ လေယာဉ်ငယ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများဖြစ်သည်ဟု အလက်စကာ အမျိုးသားကာကွယ်စောင့်ကြပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
လေယာဉ်နှစ်စင်းတိုက်မိသည့်ဖြစ်ရပ်များသည် အမေရိကန်၌ဖြစ်ခဲသော ကိစ္စရပ်ဖြစ်ကာ အများစုမှာ လေဆိပ်အနီးတွင်ဖြစ်ပွားလေ့ရှိသည်။

(ဘီဘီစီ)

No comments:

Post a Comment