Friday, September 2, 2016

တရုတ်နိုင်ငံ၌ လျှို့ဝှက်ထောက်လှမ်းမှု လုပ်ဆောင်သည်ဟုဆိုကာ အမေရိကန် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး

Image may contain: 3 people , people smiling
 ပေကျင်း စက်တင်ဘာ ၁

ပြီးခဲ့သည့်နှစ်ကတည်းက တရုတ်နိုင်ငံတွင် ရောက်ရှိနေခဲ့သည့် အမေရိကန်နိုင်ငံသား အမျိုးသမီး(အလယ်ပုံ)တစ်ဦးအား သူလျှို အဖြစ် လာရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆန်ဒီဖန်ဂီလီစ်(အသက် ၅၆နှစ်)သည် ၂ဝ၁၅ ခုနှစ် မတ်လက အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အနေဖြင့် တရုတ်သို့ လာရောက်စဉ်က တစ်ကြိမ်ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၄င်း၏ ခင်ပွန်း ဂျက်ဖ်ဂီလီစ်က မှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ သတင်းသည် ဂျီ-၂ဝ အစည်းအဝေးအတွက် တရုတ်နိုင်ငံ ဟန်ကျိုးသို့ သွားရောက်မည့် သမ္မတ ဘားရက်အိုဘားမားထံသို့ ရောက်ရှိခဲ့သည်။ သမ္မတဘားရက်အိုဘားမားသည် အမေရိကန်နှင့် တရုတ်အကြား တောင်တရုတ်ပင်လယ်အရေးနှင့် ဆိုက်ဘာ တိုက်ခိုက်ခံရမှုဆိုင်ရာ တင်းမာမှုများ ပိုမိုမြင့်တက်လာနေချိန်တွင် ၄င်း၏ဆွေးနွေးဘက် သမ္မတရှီကျင့်ဖျင်နှင့်စနေနေ့တွင် တွေ့ဆုံရန် အစီအစဉ်ချခဲ့သည်။ မစ္စဖန်ဂီလီစ်သည် တက္ကဆက်၌ နေထိုင်သူ လုပ်ငန်းရှင်အမျိုးသမီးဖြစ်ပြီး တောင်ပိုင်း ကျူဟိုင်မြို့မှ မက်ကူးသို့ ခရီးသွားရန် ထွက်ခွာစဉ် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည်။ ခင်ပွန်းဖြစ်သူ မစ္စတာဂီလီစ်က ၄င်း၏ ဇနီးသည်မှာ ၁၉၉၆ ခုနှစ်က ထောက်လှမ်းရေး သူလျှိုအဖြစ် တရုတ်သို့ ခရီးသွားရောက်ခဲ့သည်ဟု စွပ်စွဲဖမ်းဆီးခံလိုက်ရကြောင်း သို့သော် ၄င်း၏ နိုင်ငံ ကူးလက်မှတ်တွင် ထိုအချိန်က ခရီးစဉ်သွားရောက်ခဲ့သည့် အထောက်အထားမရှိကြောင်း ပြောဆိုခဲ့သည်။

(ဘီဘီစီ)

No comments:

Post a Comment