Thursday, September 29, 2016

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ



Image may contain: 1 person , shoes and child
နေပြည်တော် စက်တင်ဘာ ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို လယ်ဝေး မြို့ TC-2 ၌ ယနေ့နံနက် ၉ နာရီမှ စတင်ယှဉ်ပြိုင်ကစားရာ အသက် (၁၂)နှစ် အောက် အမျိုးသား ကျန့်စုပြိုင်ပွဲတွင် ပထမ မင်းဝဠာခန့် (ကယား)၊ ဒုတိယ သူရကိုကို (မန္တလေး)၊ တတိယ ဟိန်းပြည့်စုံ (ရန်ကုန်)တို့က လည်းကောင်း၊ ထိုက်ကျိကျန့် အကြီးတန်းအမျိုးသား ပြိုင်ပွဲတွင် ပထမ စွမ်းရည်ထက်နိုင် (ရန်ကုန်)၊ ဒုတိယ ဟိန်းထက်လင်း (ကယား)၊ တတိယ ခန့်မင်း ထက် (မကွေး)တို့ကလည်းကောင်း၊ ထိုက်ကျိကျန့် အကြီးတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမ မြတ်နိုးအိမ် (မန္တလေး)၊ ဒုတိယ ထက်ထက်လှိုင် (စစ်ကိုင်း)၊ တတိယ ဝင့်ဝင့်ထွန်း (ဧရာဝတီ)တို့ကလည်းကောင်း၊ ကျန့်စုအကြီးတန်းအမျိုးသားပြိုင်ပွဲတွင် ပထမ အောင်ခန့်ငြားဗိုလ် (ရန်ကုန်)၊ ဒုတိယ မင်းခန့်ဇော် (ရခိုင်)၊ တတိယမင်းမင်းအေး (မန္တလေး)တို့က လည်းကောင်း၊ အသက် (၁၂)နှစ်အောက် အမျိုးသမီး ကျန့်စုပြိုင်ပွဲတွင် ပထမ ဖြိုးသိင်္ဂီ (ကယား)၊ ဒုတိယ ကြည်ဖြူခင်(ရှမ်း)၊ တတိယ မေသံစဉ်နှောင်း (မန္တလေး)တို့ကလည်းကောင်း၊ ကျန့်စုအကြီးတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမ နှင်းသီရိမောင် (မန္တလေး)၊ ဒုတိယ သုပန်ထွာ (ကချင်)၊ တတိယ သက်သက်စိုးမိုး (ရှမ်း)တို့က လည်းကောင်း ဆွတ်ခူး ရရှိခဲ့သည်။
အသက် (၁၂)နှစ်အောက် အမျိုးသား သောင်းစုပြိုင်ပွဲတွင် ပထမကောင်းခန့်သူ (ရန်ကုန်)၊ ဒုတိယ ထက်စိုးနိုင် (မန္တလေး)၊ တတိယ သျှမ်းထက်သာ (ကယား)တို့က လည်းကောင်း၊ သောင်းစုအကြီးတန်းအမျိုးသားပြိုင်ပွဲတွင် ပထမ မျိုးမင်းကြီး (ရန်ကုန်)၊ ဒုတိယ သူရထွန်း (မန္တလေး)၊ တတိယ ကောင်းထက် (မန္တလေး)တို့က လည်းကောင်း၊ အသက် (၁၂)နှစ်အောက် အမျိုးသမီး သောင်းစုပြိုင်ပွဲတွင် ပထမ နှင်းစုလွင် (မန္တလေး)၊ ဒုတိယ မြတ်သင်းနွယ် (ရန်ကုန်)၊ တတိယ မြတ်နေ ခြည်လှိုင် (ရခိုင်)တို့ကလည်းကောင်း၊ သောင်းစု အကြီးတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမ ခိုင်ဇင်သက် (မန္တလေး)၊ ဒုတိယ အိရတနာအောင် (ချင်း)၊ တတိယ သူဇာထွန်း (ရှမ်း) တို့ကလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
အသက် (၁၂)နှစ်အောက် အမျိုးသား ကွန့်စု ပြိုင်ပွဲတွင် ပထမ ကောင်းခန့်သူ (ရန်ကုန်)၊ ဒုတိယ ထက်စိုးနိုင် (မန္တလေး)၊ တတိယ စောသွီသော ထူးကျော် (ဧရာဝတီ)တို့ကလည်းကောင်း၊ ကွန့်စု အကြီးတန်းအမျိုးသားပြိုင်ပွဲတွင် ပထမ သူရထွန်း (မန္တလေး)၊ ဒုတိယ မျိုးမင်းကြီး (ရန်ကုန်)၊ တတိယ ကောင်းထက်(မန္တလေး) တို့က လည်းကောင်း၊ အသက် (၁၂) နှစ်အောက် အမျိုးသမီး ကွန့်စု ပြိုင်ပွဲတွင် ပထမ မြတ်သင်းနွယ် (ရန်ကုန်)၊ ဒုတိယ နှင်းစုလွင် (မန္တလေး)၊ တတိယ ဟန်စုနွေး (ကချင်)တို့က လည်းကောင်း၊ ကွန့်စုအကြီးတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမ ခိုင်ဇင်သက် (မန္တလေး)၊ ဒုတိယ အိရတနာအောင် (ချင်း)၊ တတိယ သူဇာထွန်း (ရှမ်း) တို့က လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် ဝူရှူးအားကစား ဆန်းဆိုပွဲစဉ်များအဖြစ် အမျိုးသမီး (၄၅)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၄၈)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၅၂)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၅၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၆ဝ) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၅၆) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၆ဝ)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၆၅)ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
(မောင်မောင်ဇော်)

No comments:

Post a Comment