Thursday, September 29, 2016

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်နိုင်ရေးအလံ အပ်နှင်းပွဲကျင်းပ



Image may contain: 5 people
ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ ဗဟိုရ်လမ်း ဆောက်လုပ်ရေးပင်မ အလုပ်ရုံ(တောင်) ခန်းမ၌ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင် (၂၂) ကြိမ်မြာက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်း၊ တံခွန်စိုက်ဒိုင်းဆုချီးမြှင့်ခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းပွဲ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ခေတ်ဟောင်းကာလပေါ် ပထမဆုရရှိကြသည့် ကိုခင် မောင်လတ်နှင့် မမြမြသက်၊ ဝါသနာရှင်အဆင့် ဒုတိယတန်း အမျိုးသား အက နှင့် အမျိုးသမီးအက ပထမဆုရ ကိုအောင်မျိုးနှင့် မဆောင်းနှင်းဆီ၊ ဇာတိမာန် တေးသီချင်းဖြင့် အမျိုးသား၊ အမျိုးသမီး ပထမဆုရ ကိုဟန်ဝင်းအောင်နှင့် မခင်ဘုန်းပွင့်စံတို့ အပါအဝင် ဆုရရှိကြသူ ၆၈ ဦးအား ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ခရိုင်အတွင်း မြိုနယ် ရှစ်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ လှိုင်သာယာမြို့နယ်အား ပထမတံခွန်စိုက် ဒိုင်းဆုနှင့် အောင်နိုင်ရေးအလံ တို့ကို ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပေးအပ်ချီးမြှင့် လွှဲပြောင်းအပ်နှင်းကာ ဆုရရှိကြသူများက သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
(၆၈၄)

No comments:

Post a Comment