Thursday, September 29, 2016

တောင်ကိုရီးယား၌တက်ဒ်စနစ်ဖြန့်ကြက်ရန် အမေရိကန်ရှေ့တိုးလုပ်ဆောင်


Image may contain: sky, cloud and outdoor
ဝါရှင်တန် စက်တင်ဘာ ၂၈

အမေရိကန်ပြည်ထောင်စုသည် ဒုံးခွင်းဒုံး(တက်ဒ်)စနစ်ကို တောင်ကိုရီးယား၌ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ မြောက်ကိုရီးယား၏ဒုံးလက်နက်စမ်းသပ်မှုများကို ခုခံကာကွယ်နိုင်ရေးဟုဆိုကာ ယင်းအစီအစဉ်ကို ဖြစ်နိုင်သမျှ ဆောလျင်စွာ အကောင် အထည်ဖော်နိုင်ရေး ကြိုးစားမည်ဖြစ်ကြောင်း အရှေ့အာရှဆိုင်ရာထိပ်တန်း အမေရိ ကန် သံတမန်တစ်ဦးက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နောက်ဆုံးနျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီး နောက် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားအားအပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ခွင့်ပြုရေးကိုငြင်းဆိုရန် ဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ဆောင်နေချိန် အရှေ့အာရှဆိုင်ရာလက်ထောက် နိုင်ငံခြားရေးထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဒန်နီရယ်ရက်စ်ဆဲလ်က တက်ဒ်စနစ် ဖြန့်ကြက်ရေးအတွက် ကွန်ဂရက်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏နျူကလီးယားဒုံးကျည်စမ်းသပ်မှုကို အမှီလိုက်နိုင်ရေးအတွက် တက်ဒ်စနစ်ကို အလျင်အမြန်ဖြန့်ကြက်ဖို့လိုကြောင်း ရက်စ်ဆဲလ်ကပြောကြားခဲ့သည်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဂရေးရို့စ်အနေဖြင့် တက်ဒ်စနစ်ကို ဖြန့်ကြက် ဖို့လိုကြောင်းထောက်ခံပြောကြားခဲ့သော်လည်း တိကျသည့်အချိန်ကို ပြောကြားခြင်း မရှိခဲ့ပေ။

(ရိုက်တာ)

No comments:

Post a Comment