Thursday, September 1, 2016

ဟောင်ကောင်၌ နှစ်တစ်ဝက်အတွင်း အိတ်အိုင်ဗွီကူးစက်ခံရသူ ၁၈၈ ဦးရှိ


Image may contain: 1 person
 ဟောင်ကောင် သြဂုတ် ၃၁

ဟောင်ကောင်၌ ၂ဝ၁၆ ခုနှစ်နှစ်ဝက်၌ HIVကူးစက်ခံရသူ ဝေဒနာရှင်ပေါင်း ၁၈၈ ဦးရှိကြောင်း၊ အဆိုပါ အရေအတွက်သည် ၁၉၈၄ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည့် HIV ပိုးကူးစက်ခံရသူအရေအတွက်ကို ၈ဝ၅၃ ဦးရှိလာစေခဲ့ကြောင်း ဟောင်ကောင်ရှိ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ဗဟိုဌာနမှ အင်္ဂါနေ့က ဖော်ပြခဲ့သည်။
HIV ပိုးကူးစက်ခံရသူ ၁၈၈ ဦးအနက် ၉၈ ဦးမှာလိင်တူဆက်ဆံမှုကြောင့်ဖြစ်ပြီး ၃၅ ဦးမှာ လိင်ကွဲဆက်ဆံမှုကြောင့်ကူးစက်ခံရခြင်းဖြစ်ကာ တစ်ဦးမှာ မူးယစ်ဆေးဝါး ထိုးသွင်းရာမှ ကူးစက်ခံရခြင်းဖြစ်ကြောင်းသိရသည်။ ကျန် ၅၄ ဦးမှာ မည်သို့မည်ပုံ ကူးစက်ခံရခြင်းဖြစ်ကြောင်းကို ဖော်ပြနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိ သည်။
ကူးစက်ခံရသူ ဝေဒနာရှင် ၁၈၈ ဦးအနက် ၁၆၃ ဦးသည် အမျိုးသားများဖြစ်ပြီး ၂၅ ဦးမှာ အမျိုးသမီးများဖြစ်သည်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန၏ အတိုင်ပင်ခံပါရဂူ ဝေါင်ကာဟင်က ဟောင်ကောင်၌ HIV ပိုးကူးစက်မှုအများစုသည် လိင်မှတစ်ဆင့်ကူးစက်ခံရမှု ပိုမိုဖြစ်ပွားသည်ဟု ပြောကြားခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment