Thursday, September 1, 2016

အိုင်အက်စ်အဖွဲ့၏ စစ်ဗျူဟာအကြီးအကဲ မိုဟာမက်အယ်လ်အက်ဒနာနီ အလက်ပို၌သေဆုံး



Image may contain: 1 person , outdoor
အလက်ပို သြဂုတ် ၃၁

ရာမာဒင်ဥပုသ်လအတွင်းက လူအများ အပြား သေကျေပျက်စီးစေခဲ့သည့် တိုက် ခိုက်မှုများစွာကို စီစဉ်ညွှန်ကြားခဲ့သူ အိုင် အက်စစ်သွေြး<ွကအဖွဲ့၏ စစ်ဗျူဟာ အကြီးအကဲ မိုဟာမက်အယ်လ်အက် ဒနာနီသည် ဆီးရီးယား၌ သေဆုံးသွား ခဲ့ပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသည့် မီဒီယာများက ပြောကြားခဲ့သည်။
အဘူ မိုဟာမက်အယ်လ်အက်ဒနာနီ သည် အလက်ပိုပြည်နယ်မြို့တော်၌ သေဆုံး သွားခဲ့ကြောင်း အာမက်သတင်း အေဂျင်စီက ဖော်ပြသည်။ အယ်လ်ဘတ် မြို့၌ လေကြောင်းတိုက်ခိုက်မှုများက အက်ဒနာနီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် က ပြောဆိုခဲ့သည်။
ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် တို့က အကြိတ်အနယ် ထိုးစစ်ဆင်တိုက် ခိုက်မှုများကို ခံနေရချိန်တွင် ၄င်းသေ ဆုံးကြောင်း သတင်းထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အက်ဒနာနီသည် အိုင်အက်စ် အဖွဲ့ ၏ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အနည်း ငယ်အတွင်း အလက်ပိုမြို့အနီးတစ် ဝိုက်တွင် အစိုးရနှင့် သူပုန်များအကြား တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ ဆီးရီးယားနှင့် ရုရှားစစ်လေယာဉ်များ ကလည်း သူပုန်ထိန်းချုပ်ဧရိယာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(ဘီဘီစီ)

No comments:

Post a Comment