Thursday, September 1, 2016

ဗလင်စီယာတိုက်စစ်မှူးကို ဘာစီလိုနာခေါ်ယူ



ဘာစီလိုနာအသင်းက ဗလင်စီယာ တိုက် စစ်မှူး ပါကိုအယ်ကာဆာကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ တိုက် စစ်မှူး အယ်ကာဆာဟာ လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှု တွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှူး အယ် ကာဆာကို ဘာစီလိုနာက ငါးနှစ်စာချုပ် နဲ့ ခေါ်ယူမှာဖြစ်ပါတယ်။ သူဟာ ဗလင် စီယာအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
၂ဝ၁ဝ ခုနှစ်က ဘာစီလိုနာအသင်းနဲ့အတူ စတင် ကစားခဲ့ပါတယ်။ သို့သော်လည်း ၂ဝ၁၂-၂ဝ၁၃ ရာသီက ဂီတာဖေးကို အငှားချ ထားခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ရာသီ နှစ်ခုအတွင်း အစပွဲ ၅၁ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူဟာယူရို ၂ဝ၁၆ မှာ စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသမား တစ်ဦးဖြစ်ပါတယ်။ စုစုပေါင်း ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အယ်ကာဆာ ဟာ ဘာစီလိုနာရဲ့ အဓိကတိုက်စစ်မှူး တွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ နဲ့အတူ တွဲဖက်ကစားရဖို့ရှိနေပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment