Friday, September 30, 2016

ဒရုန်းလေယာဉ် လှုပ်ရှားမှုကြောင့် ဒူဘိုင်းလေဆိပ် ဝေဟင်ပိုင်နက်အား မိနစ် ၃ဝ နီးပါး ပိတ်ထားခဲ့ရ



Image may contain: airplane, sky and outdoor
ဒူဘိုင်း စက်တင်ဘာ ၂၉
ကမ္ဘာပေါ်တွင် အလုပ်အများဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုဖြစ်သည့် ဒူဘိုင်းနိုင်ငံတကာလေဆိပ်၏ လေကြောင်း ပိုင်နက်အား မောင်းသူမဲ့လေယာဉ်လှုပ်ရှားမှုကြောင့် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက မိနစ် ၃ဝ နီးပါးကြာ ပိတ်ထားရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
မကြာသေးမီလများအတွင်းက ဒူဘိုင်းလေဆိပ်၏ ဝေဟင်ပိုင်နက်အတွင်း မောင်းသူမဲ့လေယာဉ် လှုပ်ရှားမှုကြောင့် လေဆိပ်၏ လေကြောင်းပိုင်နက်အား ပိတ်ထားရမှုမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ ဒူဘိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်၏ ဝေဟင်ပိုင်နက်တစ်ဝိုက်အား စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီ ၈ မိနစ်မှ ၈ နာရီ ၂၅ မိနစ်ထိ ပိတ်ထားပြီး ယင်းအကျိုးဆက်ကြောင့် လေကြောင်းပျံသန်းမှု ခရီးစဉ်အချို့ ရွှေ့ဆိုင်းရကြောင်း၊ ဆိုက်ရောက်လေယာဉ် ခရီးစဉ်များအား နံနက် ၈ နာရီ ၃၈ မိနစ်တွင် ပြန်လည်စတင်နိုင်ပြီး ထွက်ခွာလေယာဉ် ခရီးစဉ်များမှာ နံနက် ၈ နာရီ ၄ဝ တွင် ပြန်လည်စတင်နိုင်ခဲ့ကြောင်း ဒူဘိုင်းလေဆိပ်နှင့် အခြားလေဆိပ်တစ်ခုတို့အား စီမံအုပ်ချုပ်သည့် အစိုးရလေကြောင်း ထိန်းသိမ်းရေးဌာန၏ တွစ်တာ၌ ဖော်ပြသည်။
လေယာဉ်များ ဘေးကင်းလုံခြုံရေးသည် မိမိတို့၏ ထိပ်တန်းဦးစားပေး လုပ်ငန်းဖြစ်ပြီး မည်သည့် လေယာဉ်ကွင်းနှင့် လေယာဉ်ဆင်းသက်ရာဒေသ၏ ငါးကီလိုမီတာအတွင်း မောင်းသူမဲ့လေယာဉ်များ မပျံသန်းရန် သတိပေးထားပြီး ခွင့်ပြုခြင်းလည်းမရှိကြောင်း ဆက်လက်ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment