Friday, September 30, 2016

လာမည့် ကန်-ဖိလစ်ပိုင် ကမ်းတက်လေ့ကျင့်မှုမှာ နောက်ဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဟု ဒူတာတေး ပြော



Image may contain: 4 people , outdoor
မနီလာ စက်တင်ဘာ ၂၉
အမေရိကန်ပြည်ထောင်စုနှင့်ပြုလုပ်မည့် လာမည့်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ရပ်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်းနှင့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ဖိလစ်ပိုင်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံကို စိတ်ဆိုးဒေါသထွက်စေခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားသည်။
ဖိလစ်ပိုင်အစိုးရက တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအပေါ် ဆက်လက်နှိမ်နင်းနေမှုကို အမေရိကန်ပြည်ထောင်စုက မည်သို့မည်ပုံဝေဖန်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံသို့ သွားရောက်သော နှစ်ရက်တာခရီးစဉ် အတွင်း ယင်းနိုင်ငံရှိ ဖိလစ်ပိုင်အသိုင်းအဝိုင်းနှင့် တွေ့ဆုံစဉ် အဆိုပါမှတ်ချက်စကားများကို ပြန်လည်ပြောပြ ခဲ့ခြင်း ဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုက ဒီမှာ တရုတ်နိုင်ငံ အနေနဲ့ အလိုမရှိတဲ့စစ်ပွဲတွေ ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုက နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့် မှုဖြစ်မှာပါ။ လက်ရှိ ကာကွယ်ရေးဝန်ကြီးကို အခက်မတွေ့ စေလိုတဲ့အတွက် လာမယ့်စစ်ရေးလေ့ကျင့်မှုကို မပယ်ဖျက် ခဲ့တာပါ''ဟု ဒူတာတေးက ဆိုသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုတို့မှာ လာမည့်အောက်တိုဘာလအတွင်း ၃၃ ကြိမ်မြောက် ကမ်းတက်လေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားသည်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်သွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကာကွယ်ရေးဆိုင်ရာမဟာမိတ်ပြုမှုနှင့် ၁၉၅ဝ ပြည့်နှစ်များအတွင်း နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို ထိန်းသိမ်းမည်ဖြစ်သည်။
ကျိုဒိုနယူးစ်။

No comments:

Post a Comment