Friday, September 2, 2016

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



Image may contain: 7 people , people smiling , suit
နေပြည်တော် စက်တင်ဘာ ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Maj. Gen. Dato Paduka Seri Mohd Tawih Bin Abdullah ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ် နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါသွားကြသည်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဘရူနိုင်းဒါရုဆလမ်နိုင်ငံအကြီးအကဲ၊ ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံအတွင်း ထင်ရှားသောနေရာများအား ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment