Thursday, September 29, 2016

မြန်မာ-တရုတ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဉ္စမအကြိမ် ဝန်ကြီးအဆင့် စည်းဝေး


Image may contain: 2 people , table and indoor
 နေပြည်တော် စက်တင်ဘာ ၂၈

မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ပဉမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီတွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ‘ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ကောင်းရှန်ခွင်နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ် များ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးများက အဖွင့်အမှာစကားများ ပြောကြားကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နယ်စပ် ဒေသထိန်းချုပ်ရေး စီမံခန့်ခွဲမှုနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ မဲခေါင်မြစ်ကြောင်းတရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆိုက်ဘာကွန်ရက်တွင် ကျူးလွန်သောပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ၂ဝ၁၆-၂ဝ၁၇ ကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုများတွင် စွမ်းရည်မြှင့်တင်ရေးကဏ္ဍအတွက် လေ့ကျင့်သင်တန်းပေးရေး၊ သဘာဝ သယံဇာတအရင်းအမြစ်များ ကာကွယ်စောင့်ရှောက်ရေးတို့တွင် တရုတ်နိုင်ငံအစိုးရမှ ပူးပေါင်းဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment