Thursday, September 29, 2016

ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား





 


ပခုက္ကူ     စက်တင်ဘာ ၂၈

ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ်(၂)ရပ်ကွက်နေ ဦးမျိုးဝင်း၏ နေအိမ်ဝင်းအတွင်း၌ ကျောက်ခွက်-လက်ပံတို ရေနံမြေများမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက် လိုင်းပေါက်မှု စက်တင်ဘာ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားရာ ရေနံများ ယိုစိမ့် ခဲ့ကြောင်း သိရသည်။

ရေနံပိုက်လိုင်းပေါက်၍ ရေနံယိုစိမ့်မှုကြောင့်  လူနှင့် တိရ္ဆာန်  ထိခိုက်ဆုံးရှုံးမှု မရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း  လေးနေရာ ပေါက်ခဲ့ဖူးသည်။ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ၊ ပေါက်မြို့နယ်  လက်ပံတိုရေနံမြေများမှ ထွက်ရှိသော ရေနံများကို  ပခုက္ကူမြို့နယ် အရာတော်ရေနံမြေသို့ ဆက်သွယ်ပေးပို့သော      အဆိုပါ ပိုက်လိုင်းသည် သက်တမ်း နှစ် ၂ဝ ကျော်ရှိပြီး ကမ္မမြို့ လူနေရပ်ကွက်အတွင်း ဖြတ်သန်း ဆက်သွယ်ထားသဖြင့် ယခုကဲ့သို့ အကြိမ်ကြိမ်ပိုက်လိုင်းပေါက်၍ ရေနံယိုစိမ့်မှုများ ဖြစ်နေသဖြင့် ဒေသခံပြည်သူများ    
သတိမထားမိချိန်ဖြစ်ပွားပါက အ္တရာယ်များကြောင်း ကမ္မမြို့ ပြည်သူများက ပြောသည်။

အဆိုပါ ရေနံပိုက်လိုင်းပေါက်သည့်နေရာသို့ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နွယ်၊ ကမ္မမြို့အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြစ်ခြေမီးသတ်နယ်မြေစခန်းမှူး ဦးစည်သူအောင်နှင့် မီးသတ်ရဲတပ်ဖွဲ့ဝင်များ  ချက်ချင်းသွားရောက်ခဲ့ပြီး ရေနံမှ တာဝန် ရှိသူများထံ အကြောင်းကြားခဲ့ရာ ယာကြီးတောင်ရေနံမြေမှ  အထွေထွေမန်နေဂျာ ဦးသန်းနိုင်နှင့်  လက်ပံတိုရေနံမြေမှ    တာဝန်ရှိသူများ  ရောက်ရှိပြင်ဆင်  အပေါက် ဖာထေးရာ နံနက် ၁ဝ နာရီခန့်က  ပြီးစီးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)

No comments:

Post a Comment