Thursday, September 1, 2016

အင်းစိန်ဘူတာအဝင် မိုင်တိုင် /၁-၁၉ အကြားတွင် ရထားဘီးချော်မှုဖြစ်ပွား

Image may contain: sky and outdoor
ရန်ကုန် သြဂုတ် ၃၁
ရန်ကုန်ဘူတာမှ လှော်ကား ဘူတာဘက်သို့ ထွက်ခွာလာ သည့် မြို့ပတ်မီးရထားစက် ခေါင်း အမှတ် DD-938 သည် သြဂုတ် ၃ဝ ရက် နံနက် ၈နာရီ ခန့်တွင် အင်းစိန်ဘူတာအဝင် မိုင်တိုင်အမှတ် (၈/၁၈-၁၉)အကြားအရောက် ရထားဘီး ချော်ကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရထားဘီးချော်မှုအား အမြန်ဆုံးမတင်ပြီးစီးနိုင်ရေးနှင့် ရထားများ ပုံမှန်ပြေးဆွဲ သွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားမြို့ပတ်ဒီဇယ်စက်ရုံ (အင်းစိန်)က အလုပ်ရုံစုမှူး ဦးလှဌေးဦးစီးအဖွဲ့သည် နံနက် ၉ နာရီ၄၅ မိနစ်က မတင်ခြင်း လုပ်ငန်းကို ရထားရဲတပ်ဖွဲ့ အမှတ်(၁၄) တပ်ခွဲ (အင်းစိန်)မှ တပ်ခွဲမှူးဒုရဲမှူးစိုးမိုးလွင် ဦးစီးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့သည်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် စက်ခေါင်းဘီးများ မတင်ပြီးစီး သွားခဲ့ကြောင်း ခရီးသွားပြည်သူများ ကြန့်ကြာမှုမရှိစေရေးနှင့် ရထားများ ပိတ်ဆို့မှုမရှိစေရေး အတွက် ပူးပေါင်းကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်ဦး(အင်းစိန်)

No comments:

Post a Comment