Thursday, September 1, 2016

ချယ်လ်ဆီးကခေါ်ယူမယ့် အင်တာမီလန် ကွင်းလယ်ကစားသမား





ချယ်လ်ဆီးအသင်းက အင်တာမီလန်ကွင်းလယ်ကစားသမား မာစဲလိုဘရိုဇိုဗစ်ကို စာချုပ်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။ အင်တာမီလန်က ပေါ်တူဂီကစားသမား မာရီယို ကိုခေါ်ယူခဲ့ပြီးနောက် ဘရိုဇိုဗစ်ကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူသွားဖွယ်ရှိပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီးအနေနဲ့ ကွင်းလယ် ကစားသမားကို ပိုမိုတောင့်တင်းအောင် ကြိုးစားမှုတစ်ရပ်အဖြစ် ဘရိုဇိုဗစ်ကို အရ ခေါ်ယူသွားဖွယ်ရှိပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်ကစားသမား ဖာဘရီ ဂတ်စ်ရှိနေသ်ာလည်း အဖွင့်ပွဲသုံးပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဘရိုဇိုဗစ်ကို အင်တာမီလန်အသင်းက ဒိုင်နမိုဇာဂရက် အသင်းမှ ၁၈ လကြာတဲ့အထိ အငှားခေါ်ယူခဲ့ပြီးနောက် အမြဲတမ်းကစားသမားအဖြစ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ကို ဂျူဗင်တပ်စ်ကလည်း ခေါ်ယူဖို့စောင့်ကြည့်နေခဲ့တာပါ။ သို့သော်လည်း စီးရီးအေပြိုင်ဘက်ထက် ပရီမီယာလိဂ်ကို ရောင်းဖို့ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment