Thursday, September 29, 2016

ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီးပေးရေးနှင့် အလုပ်သမားအခွင့်အရေး ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်


Myanmaalinn's photo. 
 Myanmaalinn's photo.
 နေပြည်တော် စက်တင်ဘာ ၂၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၂ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်းသုံးခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခုအား ဆွေးနွေးခြင်း၊ အဆိုတစ်ခုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း တို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မန်တုံမဲဆန္ဒနယ် မှ ဒေါ်နန်းမိုး၏ ဖုန်းတာဝါတိုင်ကို မန်တုံ မြို့ပေါ် ရပ်ကွက်သို့ ရွှေ့ပြောင်းပေးရန်နှင့် အခြားလူဦးရေထူထပ်သည့် ကျေးရွာ အုပ်စုများတွင် ဖုန်းလိုင်းများ တိုးချဲ့ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်း ဆိုင်မိုင်း၏ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းလိုင်းများ ကို မည်မျှတပ်ဆင်ဆောင်ရွက်ထားပြီး မိုင်းကိုင်မြို့နယ်နှင့် ဒေသတွင်းဆက်သွယ် ရေးတိုးတက်ကောင်းမွန်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်တို့ကို သိရှိလို ကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က မန်ပတ်ဆက်သွယ်ရေးစခန်းရှိ တာဝါတိုင်မှာ မြေပြင်အနေအထားအရအဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ် ဆက်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်၍ မန်တုံမြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့ပေး နိုင်ခြင်း မရှိပါကြောင်း၊။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ ဖြင့် မန်တုံမြို့နယ်အတွင်း ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် လုံးတောင် ကျေးရွာတွင် စခန်းတစ်ခု၊ နောင်ရှမ်း ကျေးရွာတွင် စခန်းတစ်ခု၊ တိုးချဲ့ ဖွင့်လှစ် နိုင်ရန်မြေနေရာရရှိပါက တာဝါတည် ဆောက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင် ခြင်း ၊ အဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး မိုဘိုင်းဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊ တယ်လီနော မြန်မာလီမိတက်အနေဖြင့် မန်တုံမြို့နယ် အတွင်းရှိ ဆိုဒ်အမှတ် (SH 0530) နှင့် ဆိုဒ်အမှတ် (SH 0941)တို့တွင် တာဝါ တိုင်တစ်တိုင်စီ တည်ဆောင်နိုင်ရန် မြေ နေရာရရှိပါက အဝေးဆက်သွယ်မှု ဆက်ကြောင်း ချိတ်ဆက်ခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အော်ရီဒူးမြန်မာလီမိတက် အနေဖြင့် ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံ နိုင်မှုတိုးချဲ့ဆောင်ရွက်သည့်အခါ ထည့် သွင်း လျာထားဆောင်ရွက်သွားမည်ဟု သိရကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် တောင် ပိုင်းတွင် အော်တိုအိတ်ချိန်း ၃၂ ခု၊ADSL အင်တာနက်စနစ် ၁၈ ခု၊ GSM/ UTMS မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၃၈ ခု၊ CDMA-800 Mhz မိုဘိုင်း ဆက်သွယ်ရေးစခန်း ငါးခုနှင့် CDMA-450 MHZ မိုဘိုင်းဆက်သွယ်ရေးစခန်း အခု ၂ဝ၊ တယ်လီနော မြန်မာလီမိတက်မှ GSM မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၉၂ ခုနှင့် အော်ရီဒူးမြန်မာလီမိတက်မှ GSM မိုဘိုင်းဆက်သွယ်ရေးစခန်း ၈၁ ခု တည် ဆောက်ထားပြီး ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။ မိုင်းကိုင်မြို့နယ်တွင် တယ်လီနောမြန်မာလီမိတက်မှ GSM စခန်းနှစ်ခုနှင့် အော်ရီဒူးမြန်မာလီမိတက်မှ စခန်းနှစ်ခုတို့သည် စက်ပစ္စည်းများ တပ်ဆင်ရန်နှင့် အဝေးဆက်ကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများမှ နှစ်အလိုက်ရရှိသည့် စုစုပေါင်းဝင်ငွေ၏ အများဆုံး ၂ ရာခိုင်နှုန်း Universal Service Fund (USF) ထည့်ဝင်ငွေရရှိမှုဖြင့် စီးပွားရေးတွက်ခြေ ကိုက်မှုများကို တွက်ချက်စိစစ်ခြင်းမပြုဘဲ လူဦးရေနည်းပါးပြီး သွားလာရေးခက်ခဲ သည့် တောင်ပေါ်ဒေသများပါမကျန် ဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေ ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဥပဒေကြမ်းကော်မတီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တင်သွင်းသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ထပ်မံ ပြင်ဆင်ချက် ၁ဝ၂ ချက်ကို တင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ထို့နောက် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ပြင်ဆင်ချက် ၁၁ ချက်၏ အပိုဒ်၊ အပိုဒ်ခွဲများကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာသည်။
ထို့နောက် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ မိမိနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံများမှ အလုပ် ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင် ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက် ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများအား နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်၍ အမြန်ဆုံး ထိရောက်စွာ ကူညီပံ့ပိုး ကယ်တင်စောင့်ရှောက်ပေးပါ ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်ငါးဦးတို့က ဆက်လက် ဆွေးနွေးကြသည်။
မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် က အဆိုတွင် နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံခြားသို့ထွက်၍ အလုပ်လုပ်ကိုင်နေကြ သည့် မြန်မာနိုင်ငံသားများဟူသည့် အပိုင်းနှင့် သက်ဆိုင်ရာအလုပ်ရှင်နိုင်ငံ များ၏ ဥပဒေမဲ့ခိုင်းစေအနိုင်ကျင့် စော်ကားနှိပ်စက်မှုများကို အစိုးရချင်း ညှိနှိုင်း၍ အမြန်ဆုံးအကူအညီပေးရေး အပိုင်းတို့ ပါဝင်ပါကြောင်း။
အလုပ်သမားအချို့သည် အခွင့် အလမ်း ပိုမိုကောင်းမွန်သည့် နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြပါ ကြောင်း၊ ပြည်ပ၌ အလုပ်လုပ်ကိုင်နေကြ သူများသည် ¤င်းတို့၏ ကာယ၊ ဉာဏအား ဖြင့် ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ် ကြောင်း၊ ပြည်ပနိုင်ငံများသို့ တရားဝင် သွားရောက်မှသာ တရားဝင်အလုပ်သမား ဖြစ်ပါကြောင်း၊ တရားမဝင်သွားလျှင် တရား မဝင်သည့် အလုပ်သမားဖြစ်ပြီး နှိပ်စက် စော်ကားခံနေကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဆက်ဆက်သည် ပြည်ပရောက် မြန်မာအလုပ်သမားများ ကို တရားဝင်ဖြစ်ရန် ကြိုးပမ်းခဲ့ပါကြောင်း။
ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီး ပေးရေးနှင့် အလုပ်သမားအခွင့်အရေး ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ပါ ကြောင်း၊ တရားမဝင်သွားရောက်လုပ်ကိုင် နေသရွေ့ အနိုင်ကျင့်ခံရမှု သံသရာထဲ တွင် ရှိနေဦးမည်ဖြစ်ကြောင်း၊ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ ကို Semi Skill Labour များ ဖြစ် ရန် ကျွမ်းကျင်မှု သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မြန်မာအလုပ်သမား များ၏ အကျိုးစီးပွားများကို ကာကွယ်ပေး ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုရှင်၏ ကောင်းစေလိုသည့် စေတနာကို အသိ အမှတ်ပြုသော်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်၏ လက်တွေ့ဆောင်ရွက်မှု များကို သိရှိနားလည်မှု၊ အားနည်းနေ သည်ဟု ရှုမြင်ပါသဖြင့် အဆိုကို မထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ် ဗိုလ်မှူးဟိန်းမင်းထက်က နိုင်ငံတော်အနေဖြင့် အလုပ်သမားများ အား Semi Skill Worker များမှ တစ်ဆင့် Skillful Worker များ ဖြစ် လာစေရန် တိုးတက်မှုအားနည်းသည့် တိုင်းဒေသကြီး/ပြည်နယ်များ၌ အဓိက သင်တန်းပေးဆောင်ရွက်ခြင်းများ ဖန်တီး ပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် ရေးအတွက် ဒေသနှင့် လိုက်လျောညီထွေ ရှိသည့် သက်မွေးဝမ်းကျောင်းအတတ် ပညာသင်တန်းများကို နိုင်ငံတော်အစီ အစဉ်ဖြင့် လည်းကောင်း၊ ကမ္ဘာ့ဘဏ်၊ ADB ကဲ့သို့သော နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက် ပေးစေလိုပါကြောင်း။
နိုင်ငံခြားသို့ တရားဝင်သွားရောက်လုပ်ကိုင်စေခြင်းဖြင့် အစိုးရအနေဖြင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ၊ စာချုပ်စာတမ်းများနှင့်အညီ မိမိတို့၏ နိုင်ငံသားများကို တရားဥပဒေအရ အပြည့်အဝကာကွယ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ မှန်ကန်ကောင်းမွန် ၍ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး ဖြေလျှော့ပေးမှုများအပါအဝင် အစိုးရ ဌာနများနှင့် ဆက်စပ်အဖွဲ့ အစည်းအသီး သီးနှင့် တရားဝင်နည်းလမ်းများအတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ချိတ် ဆက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ပြည်တွင်း၌ အသေးစား၊ အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ပြီး ပြည်တွင်း အလုပ်အကိုင်၊ အခွင့်အလမ်းများ ခိုင်မာ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအတွက် သွားရောက် မည့် နိုင်ငံ၏ ပထဝီအနေအထား၊ ¤င်းတို့ နှင့် သက်ဆိုင်မည့် ဌာနဆိုင်ရာရုံးများ၊ သံရုံးများ၊ အလုပ်သမား သံမှူးရုံးများ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ရုံးများ၊ ရဲစခန်းများ စသည့်အလုပ်သမား များနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၏ တည်နေရာနှင့် ဆက်သွယ် ရန်များကို သိရှိနိုင်ရန် နိုင်ငံပိုင်ရုပ်သံလွှင့် အစီအစဉ်များ၊ ရေဒီယိုအစီအစဉ်များ၊ သတင်းစာများ၊ အင်တာနက်ဝက်ဘ်ဆိုက် များမှ လည်းကောင်း၊ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များ၊ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် များမှ လည်းကောင်း အလွယ်တကူ လေ့လာနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် စီမံ ဆောင်ရွက်သင့်ပါကြောင်း။
အလုပ်သမားများ အခွင့်အရေး အတွက် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် အဖွဲ့အစည်းများပူးပေါင်း၍ အလုပ်သမား ဆိုင်ရာဥပဒေများ ခိုင်မာစွာပြဋ္ဌာန်းထား ရန် လိုအပ်သကဲ့သို့ပြဋ္ဌာန်းပြီး ဥပဒေများ ကိုလည်း ခေတ်စနစ်နှင့်အညီ ပြင်ဆင် သွားရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများမဖြစ်စေရေး အတွက် နှစ်ဖက်သဘောတူပဋိညာဉ် များကို နိုင်ငံတကာနည်းတူ သတ်မှတ် သဘောတူထားရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စက်မှုဇုန်များတွင် မြေယာ ပြဿနာ၊ အခြေခံအဆောက်အအုံ၊ ကျွမ်းကျင်လုပ်သားလုံလောက်စွာ ရရှိ ရေးတို့အတွက် ဆောင်ရွက်မည့် အစီအမံ များနှင့် ဖြေလျှော့နိုင်မည့်နည်းလမ်းများ ကို ကြိုတင်စဉ်းစားထားရန် လိုအပ် ကြောင်း အဆိုကိုထောက်ခံကြောင်း ဆွေးနွေးသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး အဆိုကို လွှတ်တော် က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ် ကြောင်း ကြေညာသည်။

(သတင်းစဉ်)

No comments:

Post a Comment