Thursday, September 29, 2016

ရွှေဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူများနှင့် အချုပ်ခံရသူများဥပဒေပါအခွင့်အရေးများရရှိရန် စစ်ဆေးဆောင်ရွက်



Image may contain: one or more people
ရွှေဘို စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမျိုးမောင်သည် ရွှေဘိုခရိုင် တရားသူကြီးနှင့် မြို့နယ် တရားသူကြီးတို့ လိုက်ပါလျက် စက်တင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထောင်တာဝန်ခံအရာရှိ ရုံးခန်းတွင် ရွှေဘိုအကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူများ၊ အမှုစစ်ဆေးဆဲ အချုပ်ခံရသူများ၏ အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်း နှင့် စားသောက်မှု၊ ရေရရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမျိုးမောင်သည် အချုပ်ခံနေရသူများ၏ အဆောင်များ၊ စားဖိုဆောင်၊ သောက်သုံးရေကန်တို့ကို လှည့်လည်ကြည့်ရှု၍ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊ မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသနိုင်ရန် အခွင့်အရေး ရှိ၊ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားပြုမှု ရှိ၊ မရှိ၊ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားဆောင်ရွက်မှု ရှိ၊ မရှိတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)

No comments:

Post a Comment