Friday, September 2, 2016

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖွန်း လီအွန်ရော့ခ် ဝင်ရောက်တိုက်ခတ်



Image may contain: house, sky, outdoor and nature
ကျိုတို စက်တင်ဘာ ၁
ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အားပြင်းသော တိုင်ဖွန်းမုန်တိုင်း လီအွန်ရော့ခ် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ဟိုခိုင်ဒို စီရင်စုရှိ တံတားများကျိုးကျ ပျက်စီးခဲ့ပြီး လူသုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်အရသိရသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် သြဂုတ် ၃ဝ ရက်က ပစိဖိတ်ကမ်းရိုး တမ်းပေါ်ရှိ အီဝိတ်စီရင်စုသို့ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံ၏မြောက်ပိုင်းသို့ ဗဟိုပြုတိုက်ခတ်ခဲ့သည်။ အီဝိတ် စီရင်စုတွင် မုန်တိုင်းတိုက်ခတ်မှု ကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြို မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေ ဆုံးခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များက ဆိုသည်။
သေဆုံးသူ ဒေသခံ ၁၁ ဦးအနက် ကိုးဦးကို သြဂုတ်၃၁ ရက်တွင် အီဝိုင် ဇူမီမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ရှိခဲ့ရသည်။ ကျန်နှစ်ဦးအနက် တစ်ဦးကို မြစ်ကမ်းပါးဘေးတွင်တွေ့ ရှိခဲ့ပြီး ကျန်တစ်ဦးကို မြစ်ကမ်းပါး အနီးရှိအိမ်တစ်အိမ်၌ တွေ့ရှိခဲ့သည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် အီဝိုင် ဇူမီမြို့ရှိ ဆက်သွယ်ရေးဖုန်းလိုင်းများ ယခုတိုင် ပြတ်တောက်နေဆဲဖြစ်ပြီး ဒေသခံ ၁၇ ဦးနှင့် အဆက်အသွယ် မရရှိသေးကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ပို့ ဆောင်ဆက်သွယ်ရေးများ ခက်ခဲမှုကြောင့် ဒေသခံ ၁၁ဝဝ ခန့်သည် ၎င်းတို့ဒေသများသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလျက်ရှိနေသေးကြောင်း သိရသည်။
နိုင်ငံမြောက်ပိုင်းရှိ ဟိုခိုင်ဒို စီရင်စုတွင် မြစ်တစ်စင်းကို သွယ်တန်းထားသော တံတားကျိုးကျမှုကြောင့် မော်တော်ယာဉ်များရေထဲသို့ မျောပါသွားပြီး အနည်းဆုံး လူသုံးဦး ပျောက်ဆုံးလျက်ရှိသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment