Thursday, September 29, 2016

နိုင်ငံတကာအထူးစိန်ခေါ်ပွဲများနှင့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပမည်



The Mirror Daily's photo.
ရန်ကုန် စက်တင်ဘာ ၂၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး Great Tiger Group က စီစဉ်ကျင်းပမည့် နိုင်ငံတကာနှင့်ပြည်တွင်းရိုးရာလက်ဝှေ့အကျော်အမော်များ ပါဝင်ယှဉ်ပြိုင်မည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။
ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ၊ ထိုင်း၊ ကနေဒါနိုင်ငံသားလက်ဝှေ့သမားများနှင့်ပြည်တွင်းမြန်မာ့ရိုးရာ လက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
ပြည်တွင်းမြန်မာ့ရိုးရာလက်ဝှေ့ငါးချီစိန်ခေါ်ပွဲများတွင် ရဲမာန်ဟိန်း(မုဒုံ)နှင့်မင်းနိုင်ထွန်း(ယူနိုက်တက်)၊ ထွန်းလွင်မိုး (နဂါးမာန်)နှင့် နက္ခတ်အောင်(တောင်ကလေး)၊ ရွှေခါးပတ်ချန်ပီယံမိုက်ရိုင်း(ရွှေဖူး)နှင့် ရွှေခါးပတ်ချန်ပီယံရဲသွေးနီ (တောင်ကလေး)၊ ရွှေရာမာန်နှင့် ရွှေခါးပတ်ချန်ပီယံသား အသည်းတစ်ပွင့်(ဗမာ့သွေး)၊ ဖိုးလပြည့်(ရွှေဖူး)နှင့် စောမင်းအောင်(တောင်ကလေး)၊ ဖိုးကေ(မန္တလေး)နှင့် ရွှေခါးပတ်ချန်ပီယံသွေးသစ်အောင်(ဘီးလင်း)၊ ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦး(တို့ရိုးရာ)နှင့်ရွှေခါးပတ်ချန်ပီယံသပြေညို(ဘိလပ်မြေစက်ရုံ)၊ စောဂေါ်မူဒို(သတ္တိ)နှင့်ရွှေခါးပတ်ချန်ပီယံ ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)တို့က ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
နိုင်ငံတကာအထူးစိန်ခေါ်ပွဲများအဖြစ်ဒဂုံရွှေအောင်လံဆုရှင် တူးတူး(မြန်မာ)နှင့် ဗာနီယွန်(ထိုင်း)၊ မြန်မာပြည် အလွတ်တန်းရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒေ့ဗ်လက်ဒပ်(ကနေဒါ)တို့က ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ကျော်ဦး ဓာတ်ပုံ - နေသစ်ဦး

No comments:

Post a Comment