Thursday, September 29, 2016

အစ္စရေးသမ္မတဟောင်းပီရက်စ် အသက် ၉၃ နှစ်တွင် ကွယ်လွန်


Image may contain: 3 people , people smiling , suit
 ဂျေရုဆလင် စက်တင်ဘာ ၂၈

အစ္စရေးနိုင်ငံ၏ အသက်အကြီးဆုံး နိုင်ငံရေးသမားနှင့် သမ္မတဟောင်းတစ်ဦး ဖြစ်သူ ရှီမွန်ပီရက်စ်သည် တဲလ်အဗစ်မြို့ အနီး ဆေးရုံပေါ်၌ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သည်ဟု ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြော သည်။
ပီရက်စ်သည် အစ္စရေးနိုင်ငံ၏ အဓိကနိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး နိုဘယ်ဆုရှင် တစ်ဦးလည်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏အသက် ၉၃ နှစ် ရှိကြောင်း သိရသည်။
၎င်းသည် စက်တင်ဘာ ၁၃ ရက်က စတင်၍ လေသင်တုန်းဖြတ်သည့် ရောဂါ ခံစားခဲ့ရပြီး ဆေးရုံ၌ဆေးကုသမှုခံယူခဲ့ ရသည်။ အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ဒေသ တွင်း မီဒီယာများက ၄င်း၏အခြေအနေ မှာ စိုးရိမ်ရကြောင်းဖော်ပြခဲ့ကြသည်။
ဆရာဝန်များက ၄င်း၏မိသားစုဝင် များနှင့် အရင်းအနှီးဆုံးမိတ်ဆွေများ ကို ဖိတ်ခေါ်၍ ၄င်း၏နောက်ဆုံးအချိန် အတွက်နှုတ်ဆက်ရန် ပြောဆိုခဲ့သည်။ ၄င်းသည် ၁၉၂၃ခုနှစ်တွင် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့ပြီး ၁၉၃၄ခုနှစ်တွင် မိသားစုနှင့် အတူ အစ္စရေးသို့ပြောင်းရွှေ့ခဲ့ သည်။ ၄င်းသည် နိုင်ငံရေးနယ်ပယ်၌ နှစ်ပေါင်း ၇ဝနီးပါးကျင်လည်ခဲ့ပြီး နိုင်ငံ၏ အရေး ပါသောနေရာများတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
၎င်းသည် သမ္မတအဖြစ်တာဝန် ထမ်းဆောင်ခဲ့ရုံသာမက ဝန်ကြီးချုပ် အဖြစ်နှစ်ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ လေဘာပါတီ၏ဥက္ကဋ္ဌနှင့် ပါလီမန်အတွင်း အတိုက်အခံ အုပ်စုခေါင်းဆောင် စသည်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
ဒါ့အပြင် အစ္စရေးနိုင်ငံအတွက် နျူကလီးယားအစီအစဉ်ကို စတင်ခဲ့ သူဖြစ်ပြီး ပါလက်စတိုင်းနှင့်ငြိမ်းချမ်း ရေးဆောင်ရွက်ခဲ့မှုအတွက် ၁၉၉၄ခု နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ သည်။

(ဆင်ဟွာ)

No comments:

Post a Comment