Friday, September 2, 2016

ဘရာဇီးသမ္မတ ဒီလ်မာရောဆက်ဖ်ကို ဆီးနိတ်လွှတ်တော်ကရာထူးမှ ဖယ်ရှားရန်မဲခွဲ


Image may contain: crowd and one or more people
ရီယိုဒီဂျနေရိုး စက်တင်ဘာ ၁

ဘရာဇီးနိုင်ငံ၏ ဆီးနိတ်လွှတ်တော်က သမ္မတဒီလ်မာရောဆက်ဖ်အား ဘတ်ဂျက်ငွေများကို ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုလုပ်ခဲ့သည်ဟုဆိုကာ ရာထူးမှဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့သည်။
အဆိုပါမဲခွဲဆုံးဖြတ်မှုသည် ¤င်း၏လက်ဝဲယိမ်းအလုပ်သမားပါတီ၏ ၁၃ နှစ်ကြာ အာဏာရရှိခဲ့မှုကို အဆုံးသတ်စေခဲ့သည်။ မစ္စရောဆက်ဖ်ကမူ စွပ်စွဲချက်များအပေါ် ငြင်းဆန် နေဆဲဖြစ်သည်။ မဲခွဲဆုံးဖြတ်ရာတွင် ဆီးနိတ်လွှတ်တော်အမတ် ၆၁ ဦးက ၎င်းကိုထုတ်မပစ်ရန် မဲထည့်ခဲ့ကြပြီး အမတ် ၂ဝ က ထုတ်ပယ်ပစ်ရန် မဲပေးခဲ့ကြသည်။ သမ္မတ အဖြစ်မှဖယ်ရှားပစ်ရန် မဲအရေအတွက် သုံးပုံနှစ်ပုံခန့်လိုအပ်နေသေးကြောင်း သိရသည်။
သမ္မတရောဆက်ဖ်ရာထူးမှ ထွက်ခွာမည့် ၂ဝ၁၉ ဇန်နဝါရီ ၁ ရက်မတိုင်မီ မိုက်ကယ် တီမာက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားပြီး တရားစွဲဆိုအရေးယူဆောင်ရွက် နေစဉ်အတွင်း၎င်းက သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
မစ်ချယ်လ်တီမာသည် G-20 အဖွဲ့ဝင်များ၏ စီးပွားရေးဆိုင်ရာညီလာခံတက်ရောက်ရန် တရုတ်နိုင်ငံသို့ထွက်ခွာလျက်ရှိသည်။ ဘရာဇီးနိုင်ငံစီးပွားရေးပြန်လည် ထူထောင်လာနိုင်စေရေးအတွက် လွှတ်တော်နှင့်နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ရန် ¤င်းကဝန်ကြီးများအား တိုက်တွန်းထားသည်။
သမ္မတရောဆက်ဖ်အားထုတ်ပယ်ရန် စစ်ဆေးကြားနာမှုသည် ဘရာဇီးအစိုးရနှင့် လက်ဝဲယိမ်း တောင်အမေရိကအစိုးရအဖွဲ့ကြား သဘောထားကွဲလွဲမှုများပေါ်ပေါက်လာ စေခဲ့သည်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက အဆိုပါစစ်ဆေးဆောင်ရွက်မှုကို တောင်အမေရိက အစိုးရအဖွဲ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
မစ္စရောဆက်ဖ်သည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စွပ်စွဲမှုတွင် ရှုံးနိမ့်ခဲ့သည်မှန်သော်လည်း ရှစ်နှစ်တိုင်တိုင်၎င်းအားပြည်သူ့ရုံးတော်မှ ထုတ်ပယ်ရန်ကြိုးပမ်းခဲ့သည့် ဆီးနိတ်လွှတ်တော်၏ တစ်ဦးချင်းမဲပေးမှုတွင် အနိုင်ရရှိခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment