Thursday, September 29, 2016

အာဘေးက ၎င်း၏စီးပွားရေးမူဝါဒမှာ အလုပ်ဖြစ်ကြောင်းပြောကြား


  Image may contain: suit, one or more people and indoor
တိုကျို စက်တင်ဘာ ၂၈

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏မူဝါဒများသည် ဂျပန်နိုင်ငံ၏စီးပွားရေးဖော် ဆောင်မှုတွင်အလုပ်ဖြစ်ကာ နိုင်ငံအားငွေကြေးဖောင်းပွမှုမှဆွဲထုတ်နိုင်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၈ ရက်တွင် အထက်လွှတ်တော် အမေးအဖြေကဏ္ဍ၌ အာဘေးက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် အာဘေး၏စီးပွားရေးမူဝါဒသည် ၎င်းကတိပေးထားခဲ့သည့်အတိုင်း ရလဒ်များ မပီပြင်သေးဟု ဆိုလာသည့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရန်ဟို၏ဝေဖန်မှုများကိုလည်း အာဘေးအနေဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ ရန်ဟိုက အာဘေးစီးပွားရေးမူဝါဒကိုပြန်လည်သုံးသပ်ရန် အချိန်အခါဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့်အနေအထားများကိုလည်း ပြန်လည်သုံးသပ်ရန် လိုကြောင်း အကြံပြုခဲ့သည်။
ထို့အပြင် ရန်ဟိုကအစိုးရအနေဖြင့် စီးပွားရေးတည်ဆောက်ရန် လူများကိုရင်းနှီး မြှုပ်နှံမှုပြုနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှုတွင် ပညာရေးနှင့် ကလေးသူငယ်ပြုစုပျိုးထောင်ရေး အကူအညီပေးရေးအပြင် အလုပ်သမားများအတွက် သက်မွေးဝမ်းကျောင်းသင်တန်း များနှင့် အသက်ကြီးနိုင်ငံသားများအတွက် လူမှုဖူလုံရေးကိစ္စများလည်း ပါဝင်သင့် ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
အာဘေးက ဂျပန်နိုင်ငံသည်၎င်း၏ စီးပွားရေးမူဝါဒ (Abenomics) ကို မကျင့်သုံးခင်နှစ် ၂ဝ လုံး ငွေကြေးဖောင်းပွမှု သံသရာ၌ ဝဲလည်နေပြီး ရုန်းမထွက်ဘဲရှိနေ သည်ဟုဆိုကာ ရန်ဟို၏ပြောကြားချက်ကို ခုခံချေပခဲ့သည်။
ထို့အပြင် ၎င်းအနေဖြင့် နောက်ထပ် ထပ်ဆောင်းဘဏ္ဍာရေးအသုံးစရိတ် (ဘတ်ဂျက်) ကိုလည်း မကြာမီတွင် နိုင်ငံ၏အနာဂတ်အတွက် ပြည်တွင်းဝယ်လို အားနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ထောက်ကူနိုင်ရေးအတွက် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဘေးက ၎င်း၏နည်းဗျူဟာများသည် လက်တွေ့အကောင်အထည်ပေါ်လာ မည်ဖြစ်ပြီး အနာဂတ်အတွက် လမ်းဖွင့်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment