Friday, September 30, 2016

မြန်မာ့လက်ရွေးစင်အသင်း ဥရောပခရီးစဉ်တွင် နှစ်ပွဲဆက်အနိုင်ရ



Image may contain: 2 people , outdoor
ရန်ကုန် စက်တင်ဘာ ၂၉
ဂျာမနီနိုင်ငံ၌ သွားရောက်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဘယ်လ်ဂျီယံ ဒုတိယတန်း ကလပ် Patro Eisden အသင်းနှင့် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲက ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရာ လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း - လေးဂိုး
Patro Eisden(ဘယ်လ်ဂျီယံ) - ဂိုးမရှိ

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုပွဲတွင် ပွဲထွက် ခွင့်မရသေးသည့် ကစားသမားအချို့ကို ထည့်သွင်းအသုံး ပြုခဲ့သော်လည်း အမှားအယွင်းမရှိခဲ့ဘဲ ဂိုးပြတ်နိုင်ပွဲရယူ နိုင်ခဲ့သည်။ တိုက်စစ်ပိုင်းက လေးဂိုးအထိ သွင်းယူနိုင်ခဲ့သောကြောင့် မြန်မာ့လက်ရွေးစင်အသင်းအတွက် ကျေနပ်စရာကောင်းသည့်ပွဲလည်းဖြစ်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဆက်ဖြိုးဝေ၊ ဇင်ဖြိုး အောင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ကာ ကျော်ဇင်ဖြိုး(ဂိုး)၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကို သိန်း၊ ဟိန်းသီဟဇော်၊ ဆောင်လမန်၊ မောင်မောင်လွင်၊ သန်းပိုင်၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ တစ်မိနစ်မှာပင် သန်းပိုင်က မြန်မာအသင်းအတွက် ပယ်နယ်တီဧရိယာစည်းထိပ်မှ အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် Patro Eisden အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့ရာ ဂိုးသွင်းခွင့်များရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ မြန်မာအသင်းဂိုးမပေးရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားသမားအပြောင်းအလဲ လုပ်ခဲ့ပြီး အနိုင်ဂိုးများကို ၆၂ မိနစ်တွင် ရန်နိုင်ဦး၊ ၈၇ မိနစ်တွင် မျိုးကိုထွန်း၊ မိနစ် ၉ဝ တွင် ဝင်းနိုင်စိုးတို့က သွင်းယူခဲ့သည်။ ရဲကိုဦး ပယ်နယ်တီကန်ခွင့်ရသော်လည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ မြန်မာအသင်းသည် စက်တင်ဘာ ၃ဝ ရက်တွင် ဆိုက်ပရပ်စ်နိုင်ငံသို့ ပြောင်းရွှေ့လေ့ကျင့် မည်ဖြစ်ပြီး ခြေစမ်းပွဲများ ထပ်မံကစားမည် ဖြစ်သည်။
သတင်း-ချစ်ကိုကို

No comments:

Post a Comment