Friday, September 30, 2016

ဝူရှူးပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ



Image may contain: 2 people , child
နေပြည်တော် စက်တင်ဘာ ၂၉
၂ဝ၁၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို လယ်ဝေးမြို့(TC-2)၌ ယနေ့နံနက် ၉ နာရီမှစတင်၍ကျင်းပရာ အသက်(၁၂)နှစ်အောက် အမျိုးသား ချန်းစုပြိုင်ပွဲတွင် ပထမမင်းဝဠာခန့် (ကယား)၊ ဒုတိယ သူရကိုကို (မန္တလေး)၊ တတိယ အောင်ဟိန်းထက် (ရခိုင်)တို့ကလည်းကောင်း၊ ချန်းစုအကြီးတန်းအမျိုးသား ပြိုင်ပွဲတွင် ပထမ မင်းခန့်ဇော် (ရခိုင်)၊ ဒုတိယ အောင်ခန့် ငြားဗိုလ် (ရန်ကုန်)၊ တတိယ ဇော်မင်းဟန် (ရခိုင်) တို့ကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသမီး ချန်းစုပြိုင်ပွဲတွင် ပထမ မေသံစဉ်နှောင်း (မန္တလေး)၊ ဒုတိယ ဖြိုးသိင်္ဂီ(ကယား)၊ တတိယ ဖူးပြည့်ပြည့်ပိုင် (ရန်ကုန် )တို့မှ လည်းကောင်း၊ ချန်းစုအကြီးတန်းအမျိုးသမီး ပြိုင်ပွဲတွင် ပထမ နှင်းသီရိမောင် (မန္တလေး)၊ ဒုတိယ သုပန်ထွာ (ကချင်)၊ တတိယ သက်သက်စိုးမိုး (ရှမ်း) တို့ကလည်းကောင်း၊ နန်းသောင်းအကြီးတန်းအမျိုးသား ပြိုင်ပွဲတွင် ပထမ ပြည့်စုံအောင် (ရန်ကုန်)၊ ဒုတိယ ဇော်ထက်အောင် (နေပြည်တော်)၊ တတိယ အောင်မြင့်မြတ် (ချင်း)တို့ကလည်းကောင်း၊ နန်းသောင်းအကြီးတန်း အမျိုး သမီး ပြိုင်ပွဲတွင် ပထမ ဖြူစင်ကျော် (ပဲခူး)၊ ဒုတိယ ဆောင်းနှင်းဖြူ (မန္တလေး)၊ တတိယ ခိုင်ကြည်ဖြူ (ရှမ်း)တို့မှလည်းကောင်း၊ နန်းကွန့်အကြီးတန်း အမျိုးသားပြိုင်ပွဲတွင် ပထမ ပြည့်စုံအောင် (ရန်ကုန် )၊ ဒုတိယ ဇော်ထက်အောင် (နေပြည်တော်)၊ တတိယ မျိုးမြင့်မော် (မန္တလေး)တို့မှလည်းကောင်း၊ နန်းကွန့်အကြီးတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမ ဖြူစင်ကျော် (ပဲခူး)၊ ဒုတိယ ဇာခြည်မိုး (ပဲခူး)၊ တတိယ ခိုင်ကြည်ဖြူ (ရှမ်း) တို့မှလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် ဝူရှူးအားကစား ဆန်းဆိုပွဲစဉ်များအဖြစ် အမျိုးသမီး (၄၅)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၄၈)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၅၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၆ဝ)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၄၈) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၅၂)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၅၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၆ဝ)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၆၅)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၇ဝ)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၇၅)ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။
၎င်းပြိုင်ပွဲ၏ ဆန်းဆိုဗိုလ်လုပွဲ ပြိုင်ပွဲကို စက်တင်ဘာ ၃ဝ ရက် နံနက် ၉ နာရီမှစ၍ လယ်ဝေးမြို့ (TC-2) ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(မောင်မောင်ဇော်)

No comments:

Post a Comment