Friday, September 30, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


Image may contain: 1 person
 နေပြည်တော် စက်တင်ဘာ ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းက ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုခရီးစဉ်တို့မှ ပြန်လည်ရောက်ရှိပြီး ခရီးပန်းနွမ်းနယ်မှု ကြောင့် ခေတ္တအနားယူလျက်ရှိရာမှ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC – 1 ) ၌ ကျင်းပမည့် (၃၇)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment