Thursday, September 29, 2016

ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်းဘုရားစေတီများပြုပြင်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းလှူဒါန်း



Image may contain: 8 people
မန္တလေး စက်တင်ဘာ ၂၈

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းဒေသရှိ ဘုရားစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရာတွင် အသုံးပြု ရန်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ငွေကျပ် ၁၃၄၅ဝဝဝ ကို စက်တင်ဘာ ၂၈ ရက်က လွှတ်တော်အစည်းအဝေးခန်းမတွင် စုပေါင်းလှူဒါန်းကြသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်း ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ စုစုပေါင်း ၃၉၇ ခုကို ရှေးမူမပျက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏တစ်ရက်တာစရိတ် ကျပ် ၁၅ဝဝဝ စီကို စုပေါင်းလှူဒါန်း ကြခြင်းဖြစ်သည်။
(ဝဝ၂)

No comments:

Post a Comment