Thursday, September 29, 2016

ကုလသမဂ္ဂအကြီးအကဲ ရာထူးနေရာတွင် ယှဉ်ပြိုင်ရန်အတွက် ဂျော့ဂေဗာအား ဘူဂေးရီးယားအမည်စာရင်း တင်သွင်း



Image may contain: 8 people , suit and shoes
ဆိုဖီယာ စက်တင်ဘာ ၂၈
ဥရောပကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခရစ္စတယ်လီနာ ဂျော့ဂေဗာအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး နေရာအတွက် ဘူဂေးရီးယားအစိုးရအဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် အမည်စာရင်းတင်သွင်းလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂယူနက်စကိုအဖွဲ့၏ အကြီးအကဲ အာရီနာဘိုကိုဗာအား ယခင်အမည်စာရင်းတင်သွင်းထားမှုကို ပြန်လည်ရုပ်သိမ်းကာ ဂျော့ဂေဗာအား အမည်စာရင်းတင်သွင်းခြင်းဖြစ်သည်။ဂျော့ဂေဗာသည် ဘတ်ဂျက် နှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဥရောပမဟာမင်း ကြီးဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် လျှို့ဝှက်မဲပေးပွဲပြုလုပ်ခဲ့ရာ ယှဉ်ပြိုင်သူ ကိုးဦး အနက် ဘိုကိုဗာက ဆဋ္ဌမနေရာတွင်ရပ်တည်ခဲ့သည်။
ကုလသမဂ္ဂ၏ လက်ရှိအကြီးအကဲ ဘန်ကီမွန်း၏နေရာကို ဆက်ခံမည့် ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ရေးအတွက် အလွတ်သဘောလျှို့ဝှက်မဲပေးခဲ့ရာတွင် ပေါ်တူဂီဝန်ကြီး ချုပ်ဟောင်းအန်တိုနီယိုဂူတာရက်စ်က ထိပ်ဆုံးမှ ဦးဆောင် လျက်ရှိသည်။
အလွတ်သဘောလျှို့ဝှက်မဲပေးပွဲတွင် ပထမ သို့မဟုတ် ဒုတိယနေရာကို မရရှိပါက ဘိုကိုဗာအား ထောက်ခံမှုကို ပြန်လည်သုံးသပ်ရမည်ဟု ဘူဂေးရီးယား အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
ပိုမိုအောင်မြင်မှုရှိမည့် အမည်စာရင်းတင်သွင်းမှု ဖြစ်စေရေးအတွက် လူစားထိုးကာ အမည်စာရင်းထပ်မံတင်သွင်းခြင်းဖြစ်ကြောင်း ဘူဂေးရီးယားဝန်ကြီးချုပ် ဘွိုင်ကို ဘော်ရီဆိုက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment