Thursday, September 29, 2016

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများကို ဘေးကင်းရာသို့ပြောင်းရွှေ့



Image may contain: cloud, mountain, sky, outdoor and nature
ဂျကာတာ စက်တင်ဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံတွင် ရာနှင့်ချီသော ကမ္ဘာလှည့်ခရီးသွားများ အလည်အပတ် ရောက်ရှိနေသည့် မီးတောင်တစ်လုံး ယမန်နေ့ကပေါက်ကွဲခဲ့ရာ ကယ်ဆယ်ရေး သမားများက ခရီးသွားများအား ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ပြီး တောင်တက်သမား ၅ဝ ခန့်ကို ရှာဖွေလျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးရှိ လွန်ဘုတ်အပန်းဖြေကျွန်းပေါ်တွင် တည်ရှိသော ခရီးသွားအများဆုံးလည်ပတ်ရာ မီးတောင်ရှင်များအနက် တစ်ခုဖြစ်သည့် ရင်ဂျာနီတောင်သို့ သွားရာဝင်ပေါက်များကို အာဏာပိုင်များက ပိတ်ထားခဲ့ပြီး အဆိုပါမီးတောင်မှ သုံးကီလိုမီတာထက်မနည်း အကွာအဝေးတွင် နေပေးရန် ခရီးသွားများကို ပြောကြားခဲ့သည်။ ပေါက်ကွဲရာမီးတောင်မှာ ရင်ဂျာနီတောင်အတွင်းရှိ ဘာရူဂျာရီဟုခေါ်ဆိုသော မီးတောင်တစ်လုံးဖြစ်သည်။
စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက မီးတောင်စတင်ပေါက်ကွဲကာ အနီးအနားရှိ သဘာဝသစ်ပင်များကို ပြာများ ဖုံးလွှမ်းသွားချိန်တွင် ရင်ဂျာနီအမျိုး သားဥယျာဉ်အတွင်းမှ နိုင်ငံခြားသား ၆၃၉ ဦးအပါအဝင် ခရီးသွား ၁ဝ၂၃ ဦးသည် အဆိုပါနေရာ၌ ရောက်ရှိနေခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျော့ ပါးရေးအေဂျင်စီက ပြောကြားသည်။
ရာချီသောခရီးသွားများကို ရင်ဂျာနီတောင်မှ ဘေးလွတ်ရာသို့ပြောင်း ရွှေ့ပေးခဲ့ပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝူနူဂရိုဟိုက ဆိုသည်။
မီးတောင်ပေါ်၌ တောင်တက်သမား ၅ဝ ခန့် ရှိနေဆဲဖြစ်ပြီး ¤င်းတို့ ဘေးအန္တရာယ်ကင်းရှင်းလျက်ရှိသည်ဟု သူယုံကြည်ကြောင်း ရင်ဂျာနီအမျိုးသား ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒန်နီရယ်လ်ရိုဆန်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment