ဂျေရုဆလင် စက်တင်ဘာ ၂၈
အစ္စရေးနိုင်ငံအား တည်ထောင်ခဲ့သည့်ပုဂ္ဂိုလ်များအနက် နောက်ဆုံး သက်ရှိထင်ရှား ကျန်ရစ်သူဖြစ်ပြီး ယင်းနိုင်ငံ၏ သမ္မတဟောင်းတစ်ဦး လည်းဖြစ်သူ ရှီမွန်ပီရက်စ်သည် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ အသက် (၉၃)နှစ်ရှိ ပီရက်စ်သည် လေသင်တုန်းရောဂါကို ရက်သတ္တ နှစ်ပတ်ကျော်ကြာမျှ ခံစားခဲ့ရပြီးနောက် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးသတင်းဌာနများက သတင်းထုတ်ပြန်သည်။
သမ္မတဟောင်း၏ရုပ်ကလာပ်အား အစ္စရေးလွှတ်တော်(ကနက်ဆက်)အဆောက်အအုံတွင်ထားရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် အများပြည်သူ များအား ဂါရဝပြုခွင့်ပေးမည်ဖြစ်သည်။ စက်တင်ဘာ ၃ဝ ရက်တွင် ဂျေရုဆလင်မြို့၌ မြေမြှုပ်သဂြုင်္ိဟ်မည်ဟု အစ္စရေးအစိုးရသတင်းဌာနက ထုတ်ပြန်သည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ရာထူးဂုဏ်ကြီးမြင့်သူများ ဈာပန အခမ်းအနားသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားဝန်ကြီး ဌာနမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြသည်။
ဆင်ဟွာ။
No comments:
Post a Comment