Friday, September 30, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံဥက္ကဋ္ဌအား တွေ့ဆုံ


Image may contain: wedding, suit, one or more people and indoor
 နေပြည်တော် စက်တင်ဘာ ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong လည်း တက်ရောက်သည်။

(သတင်းစဉ်)

No comments:

Post a Comment