Thursday, September 29, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


 
 အတွေးအခေါ်ဟောင်း ဥခွံတို့မှ ဖောက်ထွက်မည့် ခြေလှမ်းများ
 
ရာစုနှစ်ဝက်ကျော်နောက်ကျခဲ့သည်ကို အမီလိုက်မည်ဆိုပါက သူများနိုင်ငံ တို့က တစ်လှမ်းလှမ်းပါက ကိုယ့်နိုင်ငံက လေးငါးဆယ်လှမ်း လှမ်းနိုင်ရမည် ဖြစ်ပါသည်။ ဤကဲ့သို့ လှမ်းနိုင်ရန် နိုင်ငံတော်ယန္တရားတို့သည် စိတ်တိုင်းကျ လည်ပတ်နိုင်စွမ်းရှိရမည် ဖြစ်ပါသည်။ စိတ်တိုင်းကျ လည်ပတ်နိုင်စွမ်းရှိရန် နိုင်ငံတော်ယ္တရား၏ အစိတ်အပိုင်းတို့ကို သူ့နေရာနှင့်သူ စနစ်တကျနေရာချ နိုင်စွမ်းရှိရမည်။ နိုင်ငံတော်ယန္တရားအစိတ်အပိုင်းတို့ကြား ဟန်ချက်ညီညီ အပြန်အလှန်ချိတ်ဆက်နိုင်စွမ်းလည်း ရှိရမည်ဖြစ်ပါသည်။ လိုရင်းတင်ပြရ ပါက နိုင်ငံတော်ယ္တရားတို့သည် ခိုင်မာတောင့်တင်းရမည်ဖြစ်ပါသည်။ ကြံ့ခိုင်မှုရှိရမည် ဖြစ်ပါသည်။ နိုင်ငံတွင်း၌ ရာစုနှစ်ဝက်ကျော်တည်ရှိခဲ့သည့် အမိန့်ပေးမှဆောင်ရွက် မည်ဟူသော စိတ်ဓာတ်နှင့်စနစ်တို့သည် ခုန်ပျံကျော်လွှား တိုးတက်ရေး အတွက်အဟန့်အတားဖြစ်နေသည်မှာ ရှင်းလင်းရန်မလိုအပ်သောကိစ္စဖြစ် ပါသည်။ သို့ဖြစ်၍ ဤစနစ်ကို မဖြစ်မနေပြောင်းလဲရမည် ဖြစ်ပါသည်။ ဤစိတ်ဓာတ်ကို မဖြစ်မနေပြောင်းလဲရမည် ဖြစ်ပါသည်။ သို့သော်မည်ကဲ့သို့ ပြောင်းလဲမည်ကိုမူ စနစ်တကျသုံးသပ်ရန်လိုအပ်ပါသည်။ အခြေအနေတို့ ကို ရုတ်တရက်ချက်ချင်း ပြောင်းပြန်လှန်သကဲ့သို့ ပြောင်းလဲ၍မရသည်မှာ လည်း ထင်ရှားပါသည်။ အဆိုပါအပြောင်းအလဲတို့ကို ဖန်တီးရာ၌ သွက်လက် မြန်ဆန်ရှင်သန်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံရှိသော ပညာရှင် တို့၏ အကြံÓဏ်ကိုရယူရန် လိုအပ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်နိုင်ငံခရီးစဉ်အတွင်း ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော ပြည်ထောင်စုသား နိုင်ငံသားအားလုံး ကို အမိနိုင်ငံအတွက် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်း စကားပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်ပနိုင်ငံများ၌ ရောက်ရှိနေ ကြသော ပြည်ထောင်စုသားနိုင်ငံသားတို့သည် အမိန့်ပေးမှဆောင်ရွက်မည် ဟူသော ပုံစံသေစိတ်ဓာတ်တို့မှ ရုန်းထွက်နိုင်ပြီဖြစ်ပါသည်။ သွက်လက် မြန်ဆန်ရှင်သန်နေသည့် အုပ်ချုပ်ရေးစနစ်၏ အတွေ့အကြုံတို့ကိုလည်း ရရှိထားပြီး ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များထဲ၌ ပညာရှင်အဆင့် ပြည်ထောင်စု သား နိုင်ငံသားတို့ရှိပါက (ရှိလည်းရှိနေပါသည်) မြန်မာနိုင်ငံ၏ အရေးကြီး လှသော သမိုင်းအချိုးအကွေ့၌ တစ်တပ်တစ်အား အားဖြည့်ပါဝင်ကူညီနိုင် စွမ်းရှိကြပါသည်။ သို့ဖြစ်၍ အဆိုပါ ပြည်ထောင်စုသားနိုင်ငံသားတို့အား အမိနိုင်ငံတော်အတွက် အလုပ်အကျွေးပြုရန် ဖိတ်ကြားသင့်သည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်ပရောက်ပြည်ထောင်စုနိုင်ငံ သား ပညာရှင်တို့အား ပြည်ပနိုင်ငံတို့၏ လုပ်ခလစာတို့နှင့် တန်းတူပေးနိုင် မည်မဟုတ်သော်လည်း အဆိုပါပညာရှင်တို့၏ မြန်မာနိုင်ငံ၌ နေထိုင် လုပ်ကိုင်စဉ်ကာလအတွင်း နေထိုင်စားသောက်သွားလာမှု ကိစ္စအရပ်ရပ် အဆင်ပြေချောမွေ့ရန်ကိုမူ လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ အဆိုပါ ပညာရှင်တို့ မြန်မာနိုင်ငံသို့ အလွယ်တကူ သွားလာဝင်ထွက်နိုင်ရေး သည်လည်း အရေးကြီးသော လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ပြည်ပရောက် အိန္ဒိယနိုင်ငံသားပညာရှင်တို့ကို အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ခဲ့သော်လည်း အစပထမပိုင်း၌ အောင်မြင်မှုရရှိခဲ့ခြင်း မရှိပါ။ ပြည်ပနိုင်ငံများတွင် ပညာသင်ကြားနေသော သားသမီးတို့၏ ပညာရေးနှင့် အိန္ဒိယနိုင်ငံ၏ လုပ်ခလစာသည် ပြည်ပနိုင်ငံတို့၏ လုပ်ခလစာနှင့် နှိုင်းယှဉ် ပါက သိသိသာသာ နည်းပါးနေခြင်းတို့သည် ပြည်ပနိုင်ငံများရောက် အိန္ဒိယပညာရှင်တို့၏ အဓိကအခက်အခဲများဖြစ်ခဲ့ပါသည်။ နောက်ဆုံး၌ အိန္ဒိယနိုင်ငံက အမိနိုင်ငံသို့ ပြန်လာမည့် ပြည်ပနိုင်ငံများရောက် အိန္ဒိယ နိုင်ငံသား ပညာရှင်များအတွက် သားသမီးများ၏ပညာရေးမှအစ ပြည်ပ နိုင်ငံများကဲ့သို့ဖြစ်စေရန် သီးခြားဇုန်နယ်မြေတစ်ရပ် ဖန်တီးထူထောင်ပေး သည့်အခါတွင်မူ အောင်မြင်မှုရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံကို ပုံတူကူးချရန် မလိုအပ်သော်လည်း အမိနိုင်ငံသို့ပြန်လာ၍ တစ်တပ်တစ်အား ပါဝင်ကူညီမည့် ပြည်ပနိုင်ငံများရောက် ပြည်ထောင်စုသားပညာရှင်တို့အဆင်ပြေပြေနေထိုင်သွားလာ လုပ်ကိုင်နိုင်ရေး ကူညီရမည်ဟူသော အခြေခံမူကို ဆုပ်ကိုင်အကောင်အထည်ဖော်သင့်သည်ဟု ယူဆပါသည်။ ခုန်ပျံကျော်လွှားဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆုပ်ကိုင်ရရှိလိုပါက ခေတ်မီစီမံခန့်ခွဲ ရေး အတတ်ပညာနှင့် ကုန်ထုတ်လုပ်မှုနည်းပညာတို့လိုအပ်သည်မှာ ထင်ရှားပါသည်။ ဤလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည်ပနိုင်ငံ များရောက် ပြည်ထောင်စုသား ပညာရှင်တို့အား ဖိတ်ခေါ်၍ အမိနိုင်ငံတော် အတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တိုက်တွန်းတင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment