Thursday, September 29, 2016

ထင်သာမြင်သာပြုပြင်စရာ



ယိမ်းယိမ်းယိုင်ယိုင်ဆက်သွယ်ရေးတိုင်များ ပြုပြင်ပေးစေလို
Image may contain: outdoor and one or more people
ကြည့်မြင်တိုင်မြို့နယ်အတွင်း အချို့ ရပ်ကွက်များရှိ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းတိုင်အတော်များများမှာ ယိမ်းယိမ်း ယိုင်ယိုင်ဖြင့်ရှိနေပြီး အချို့တိုင်များမှာအောက်ခြေပြတ်လုနီးပါးနှင့် အလယ်၌ အက်ကွဲကြောင်းများပေါ်၍ အတွင်းရှိ သံချောင်းများကို မြင်နေရသည်။
သာဓုအနောက်ရပ်ကွက် စလင်း လမ်းနှင့် သာဓုလမ်းထောင့်ရှိတိုင်မှာ ယိမ်းယိုင်နေမှုကြောင့် ပတ်ဝန်းကျင်နေ သူများက သစ်သားချောင်းများဖြင့် ထောက်ကန်ထားရပါသည်။ ထို့အတူ ယင်းရပ်ကွက် ဆင်မလိုက်ဘက်မှလာ သော ပလက်ဖောင်းအပေါ် သရက်တော (၆)လမ်းအနီးရှိတိုင်မှာလည်း အောက် ခြေပြတ်လုနီးပါးအပြင် တိုင်အလယ်၌ အက်ကွဲကြောင်းကြီးမှာ အထင်းသားဖြစ် နေပါသည်။
တစ်ဖန် သာဓုအရှေ့ရပ်ကွက်ဦးဖိုးထူးလမ်းနှင့် နိဗ္ဗာန်လမ်းထောင့်မှ တိုင်မှာ လည်း အတွင်းသံချောင်းများ ပေါ်လွင် လျက်ရှိပြီး အိမ်ဘက်အခြမ်းသို့ယိမ်းယိုင် လျက်ရှိနေသည်။ ထို့ထက်ပိုဆိုးသည်မှာ ဘောဂရပ်ကွက် ဘောဂလမ်းထိပ်(ဗား ကရာဘက်အခြမ်း)ရှိ ဆက်သွယ်ရေးတိုင် မှာ ထက်ပိုင်းကျိုးကျပြီး ဆက်သွယ်ရေး ကြိုးများကိုလာရှင်းသော်လည်း ကျိုး သွားသောတိုင်ကို ယခုတိုင်လာရောက် ရှင်း လင်းခြင်းမရှိသည်ကို တွေ့နေရသည်။
ယင်းသို့ အန္တရာယ်ဖိတ်ခေါ်နေမှု အပေါ် ရပ်ကွက်နေပြည်သူများက စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာမှ အမြန်ဆုံးပြုပြင်ဆောင် ရွက်ပေးစေလိုကြောင်း သိရသည်။

ဘော်ဂါသွေး

No comments:

Post a Comment