နေပြည်တော် စက်တင်ဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးတွင် စက်တင်ဘာ ၂၆ ရက်မှ ၃ဝ ရက် အထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ကျင်းပသည့် Public Forum နှင့် Myanmar Opening up for Business Forum ဆွေးနွေးပွဲ များသို့ တက်ရောက်လျက်ရှိသည်။
စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် EIF မှ Executive Director , Dr. Ratnakar Adhikari နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် WTO တွင် တက်ကြွစွာ ပါဝင်လျက်ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုကဏ္ဍများ တိုးမြှင့်လာစေရေးအတွက် ကြိုးပမ်းလျက်ရှိပြီး မြန်မာ့ကုန်သွယ်မှု ကို ဒေသတွင်းသာမက နိုင်ငံတကာ ကုန်သွယ်မှုမှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလ သမဂ္ဂ၏ ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်များနှင့် ကိုက်ညီအောင် ကြိုးပမ်း လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် ၂ဝ၃ဝ တွင် ပိုမိုသာယာလှပသော ကမ္ဘာကြီးကို တည်ထောင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ပိုမိုနီး ကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် Public Forum ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ပြီး မွန်းလွဲပိုင်းတွင် ဂျီနီဗာအခြေစိုက် World Bank Group အကြီးအကဲဖြစ်သူ Ms. Anable Gonzalez, Senior Director နှင့် တွေ့ဆုံခဲ့ကြောင်း၊ဆက်လက်၍ International Trade Centre ၏ Executive Director ဖြစ်သူ Ms. Arancha Gonzalez နှင့် အဖွဲ့အား တွေ့ဆုံပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment