Thursday, September 1, 2016

သေနတ်ဖြင့် ချိန်ရွယ်မှုဖြင့် အမေရိကန်အဆိုကျော်ခရစ်ဘရောင်းအဖမ်းခံရ


Image may contain: 1 person , beard
နယူးယောက် သြဂုတ် ၃၁ 

အမေရိကန်အဆိုတော်ခရစ်ဘရောင်း သည် အမျိုးသမီးတစ်ဦးအား သေနတ် ဖြင့်ခြိမ်းခြောက်ခဲ့သည်ဟု တိုင်ကြားခံရ ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
အလှဘုရင်မ ဘာလလီ ကာရန်က ခရစ်ဘရောင်းသည် ၄င်းအား သေနတ် ဖြင့် ချိန်ရွယ်ခဲ့သည်ဟု အယ်လ်အေ တိုင်းမ်သို့ပြောခဲ့သည်။ မစ္စတာဘရောင်း သည်ရဲများဖမ်းဆီးမှုမှ လွတ်မြောက်လာ ခဲ့ပြီးနောက် အင်္ဂါနေ့က ၄င်းနေအိမ် အတွင်းမှ ထွက်လာသည်ကို တွေ့ရ သည်။
ရှေ့နေများက ၄င်းတို့၏အမှုသည် မစ္စတာဘရောင်းသည် လွတ်မြောက်လာ ပြီဖြစ်ကြောင်း စွပ်စွဲခံရမှုမှာလည်း မှားယွင်းမှုတစ်ခုပင်ဖြစ်သည်ဟု ပြောခဲ့ သည်။ မစ္စတာဘရောင်းမှာ အာမခံဖြင့် လွတ်မြောက်လာခြင်းလား သို့မဟုတ် တရားစွဲဆိုခံရသလားဆိုသည်ကိုမူ တိတိ ကျကျ မသိရသေးပေ။
ခရစ်ဘရောင်းသည် ၂ဝဝ၉ ခုနှစ်က ၄င်း၏ချစ်သူ ရီဟားနားကို အကြမ်းဖက် မှုအပါအဝင် အကြမ်းဖက်မှုများစွာ အတွက် စွပ်စွဲခံထားရသူလည်းဖြစ် သည်။ ကာရန်မှာ သူငယ်ချင်းတစ်ဦးနှင့်အတူ ခရစ်ဘရောင်း၏အိမ်သို့ တနလာင်္နေ့ကသွားရောက်ခဲ့ခြင်းဖြစ်သည်။

(ဘီဘီစီ)

No comments:

Post a Comment