Wednesday, September 28, 2016

တက္ကဆက်ပြည်နယ်၌ ပစ်ခတ်မှုဖြစ်ပွား၊ ကိုးဦးဒဏ်ရာရ



 
 
 
ဟူစတန် စက်တင်ဘာ ၂၇

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် ဟူစတန်မြို့၌ တနင်္လာနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်ဆောင်ထားသော သေနတ်သမားက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ လူကိုးဦးဒဏ်ရာရရှိခဲ့ သည်။ ပစ်ခတ်မှုဖြစ်ပွားသည့် သတင်း ရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ၌ ကားအချို့ရပ်တန့်ထားရာ ကားပေါ်မှ လူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ သေနတ်သမားမှာ ရှေ့နေတစ်ဦးဖြစ်သည် ဟု အတည်ပြုနိုင်ခဲ့သည်။

၎င်းမှာ ပစ်ခတ်မှုများအပြီး သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသူ ခြောက်ဦးကို နီးစပ်ရာဆေးရုံသို့ခေါ် ဆောင်ကုသမှု လုပ်ဆောင်နေသော် လည်း ၄င်းတို့၏အခြေအနေမှာ စိတ်ချ ရမှုမရှိသေးပေ။
အသေးစား ဒဏ်ရာရရှိသူသုံးဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာ သွားခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားရခြင်း၏အကြောင်းကို ရဲများက စုံစမ်းလျက်ရှိ သည်။
(ဆင်ဟွာ)

No comments:

Post a Comment