Wednesday, September 28, 2016

အလက်ပိုတွင် အာဆတ်နှင့်ရုရှားတို့ စစ်ပွဲအောင်နိုင်ရေးလိုလားနေကြောင်း ဂျွန်ကယ်ရီပြော


 
 
 
ဒမတ်စကတ် စက်တင်ဘာ ၂၇


အောင်မြင်မှုမရှိခဲ့သည့် ဆီးရီးယားအပစ်ရပ်စဲရေး သဘောတူညီချက်သည် အလက်ပို သူပုန်ထိန်းချုပ်ရာဒေသ၌ ရုရှားထောက်ခံထိုးစစ်ဆင်မှုများကို ပိုမိုပြင်းထန်စေ ခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် ရုရှားနှင့်ညှိနှိုင်း ဆွေးနွေးရေးကို ဆက်လက်ကျားကန်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။


ရုရှားနှင့် ¤င်း၏မဟာမိတ် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်တို့က အတိုက်အခံလက်ထဲသို့ ကျရောက်နေသည့် နယ်မြေများတွင် လေကြောင်းချီတိုက်ခိုက် မှုများရပ်တန့်ရေး အနောက်အုပ်စု၏တောင်းဆိုမှုကို လျစ်လျူရှုနေချိန်၌ အလက်ပို အရှေ့ဘက်တွင် ဆေးဝါးထောက်ပံ့မှုများလည်း ပြတ်လပ်ကုန်ပြီဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ကြိုးစားမှုကြောင့် ယခုလတွင် အပစ်ရပ်စဲရေးခဏတာရရှိခဲ့သော်လည်း လွန်ခဲ့သည့်သီတင်းပတ်မှစ၍ မော်စကိုနှင့် ဒမတ်စကတ်တို့က ထိုးစစ်ဆင်နွှဲမှုများ ပြုလုပ်ခဲ့ကြသည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မော်စကိုသို့ သံခင်းတမန်ခင်းကမ်းလှမ်းချက် သည်လည်း သံသယများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆီးရီးယားအပစ်ရပ်စဲရေး မအောင်မြင် ခြင်းသည် တိုက်ခိုက်မှုများကြောင့်မဟုတ်ကြောင်း၊ စစ်ပွဲတွေကို ရပ်ဆိုင်းရန် အကောင်း ဆုံးနည်းလမ်းများမှာ ဆွေးနွေးခြင်းပင်ဖြစ်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားတို့အပေါ် အလွန် အမင်းယုံကြည်ခဲ့မှုနှင့်ပတ်သက်ပြီး ရီပတ်ဘလစ် ကန်အမတ် ဂျွန်မက်ကိန်းက ¤င်းကို အပြင်းအထန်ဝေဖန်ခဲ့သည်။ ''တကယ်ဖြစ်နေ သည့်အကြောင်းမှာ အာဆတ်နှင့်ရုရှားတို့က စစ်ပွဲအောင်နိုင်ရေး လိုလားခြင်းကြောင့် ဖြစ်ကြောင်း'' ကယ်ရီက သတင်းထောက်များကို ပြောခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment