Saturday, September 3, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အီတလီအထက်လွှတ်တော် နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ တို့တွေ့ဆုံ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆွေးနွေး



Image may contain: 8 people , people smiling , suit
နေပြည်တော် စက်တင်ဘာ ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အီတလီအထက်လွှတ်တော် နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr. Pier Ferdinando Casini နှင့် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment