Friday, September 2, 2016

"Best Bank in Myanmar " ဆုကို မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်ရရှိ



Image may contain: 3 people , suit
ရန်ကုန် စက်တင်ဘာ ၁
အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် "Finance Asia" အဖွဲ့အစည်းမှ ရွေးချယ် ချီးမြှင့်သည့်၂ဝ၁၅-၂ဝ၁၆-ခုနှစ်အတွက် အာရှဒေသဆိုင်ရာ နိုင်ငံအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဘဏ် "Finance Asia: Country Awards for Achievement 2016” ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက် ည ဒေသစံတော်ချိန် ၁ဝ နာရီတွင် စင်ကာပူနိုင်ငံ Four Season Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် "Finance Asia” အဖွဲ့အစည်းမှ ချီးမြှင့်သည့် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော အကောင်းဆုံးဘဏ်ဆုဖြစ်သော Country Awards for Achievement 2016,“Best Bank in Myanmar" ဆုကို ကမ္ဘောဇဘဏ်လီမိတက်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းနှင့် ဒေါ်သီသီအေးတို့က လက်ခံရယူပြီး ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ကမ္ဘောဇဘဏ်အား "Best Bank in Myanmar" ဆုကို ချီးမြှင့်ရခြင်းမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘောဇဘဏ်၏ ငွေကြေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာကဏ္ဍ၌ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ဘဏ်အပ်ငွေ ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေအများဆုံး ပံ့ပိုးပေးနိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို အလျင်မြန်ဆုံး တိုးတက်စေရန် အထောက်အကူပြုနိုင်ခြင်း၊ ဘဏ်ခွဲအရေအတွက်အများဆုံး ဖွင့်လှစ်နိုင်ပြီး နိုင်ငံတွင်းဒေသအနှံ့အပြားရှိ ပြည်သူများအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်းအောင်မြင်မှုရလဒ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍများတွင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ လုပ်ငန်းများတိုးချဲ့တီထွင်နိုင်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော် အခွန်ဘဏ္ဍာအတွက် နှစ်စဉ်ဝင်ငွေခွန်အများဆုံးထမ်းဆောင်နိုင်ပြီး လူမှုအကျိုးပြုလုပ်ငန်းများတွင် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခြင်း စသည်တို့ ကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။
"Finance Asia" အဖွဲ့အစည်းသည် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ဆိုင်ရာလုပ်ငန်းများတွင် သြဇာကြီးမားသော လန်ဒန်အခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာရှဒေသတစ်ဝန်းလုံးတွင်ရှိသော ဘဏ်လုပ်ငန်းအပါအဝင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အဆိုပါလုပ်ငန်းများ၏ ဆောင်ရွက်ချက်များ၊ တိုးတက်မှုများကို နှစ်စဉ်အကဲဖြတ်စောင့်ကြည့်ကာ ဒေသတွင်းရှိ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်သည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် ဘဏ္ဍာရေးကဏ္ဍ၌ ဦးဆောင်နေသည့် အဖွဲ့အစည်းများမှ ပညာရှင်ပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးအရင်းအနှီးဈေးကွက် မြှင့်တင်မှုဆိုင်ရာဆွေးနွေးပွဲများ၊ ညီလာခံများကို ဒေသတွင်းနိုင်ငံများတွင် အလှည့်ကျကျင်းပပေးခြင်းဖြင့် ဘဏ်လုပ်ငန်းများ ခေတ်မီတိုးတက်စေရန်နှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။
ကမ္ဘောဇဘဏ်လီမိတက်သည် ၂ဝ၁၃ မှ ၂ဝ၁၅ ခုနှစ်များအတွင်းတွင် နိုင်ငံတကာမှ ချီးမြှင့်သော ဘဏ်လုပ်ငန်းဆိုင်ရာအကောင်းဆုံးစွမ်းဆောင် ရည်ဆုများစွာကိုရရှိထားပြီး ယခုနှစ် ဇူလိုင်လအတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် Euromoney အဖွဲ့အစည်းကချီးမြှင့်သည့် ၂ဝ၁၆ ခုနှစ် အတွက် Best Bank in Myanmar ဆုကိုလည်း တတိယအကြိမ်မြောက် သုံးနှစ်ဆက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
(ဝ၁ဝ)

No comments:

Post a Comment