Tuesday, August 2, 2016

Season 8 တွင် အဆုံးသတ်တော့မည့် Game of Thrones ရုပ်သံဇာတ်လမ်းတွဲ




The Mirror Daily's photo.


HBO ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်များ အားပေးလက်ခံခဲ့ကြသည့် Game of Thrones ဇာတ်လမ်းတွဲကို season 8 တွင် အဆုံးသတ် သွားမည်ဖြစ်ကြောင်း HBO မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားလိုက်သည်။
''ကျွန်တော်တို့ Game of Thrones ဇာတ်လမ်းတွဲကို season 8 မှာ အဆုံးသတ်မှာပါ။ နောက်ထပ်လည်း ဇာတ်လမ်းတွေ အများကြီးထပ်တင်ဆက်ဖို့ အစီအစဉ်တွေရှိပါတယ်''ဟု HBO မှ တာဝန်ရှိသူတစ်ဦးက Entertainment Weekly သို့ ဇူလိုင် ၃၁ ရက် က ပြောကြားခဲ့ခြင်းဖြစ်သည်။

Game of Thrones ဇာတ်လမ်းတွဲကို ၂ဝ၁၁ ခုနှစ် ဧပြီလမှ စတင်ကာ HBO ရုပ်သံလိုင်းတွင် ထုတ်လွှင့်တင်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန် ၂၆ ရက် အထိ season ခြောက်ခု တင်ဆက်ပြသခဲ့ပြီး ဖြစ်ကာ season 7 ကို လာမည့် ၂ဝ၁၇ ခုနှစ် နှစ်လယ်တွင် ပြသသွားရန်စီစဉ်ထားပြီး ၂ဝ၁၈ ခုနှစ်တွင် ပြသမည့် season 8 တွင် အဆုံးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Game of Thrones ဇာတ်လမ်းတွဲသည် ပရိသတ်များ၏ တစ်ခဲနက်လက်ခံအားပေးမှုရရှိခဲ့ကာ အနုပညာဆိုင်ရာ ဆုများစွာကိုလည်း ဆွတ်ခူးရရှိခဲ့သည်။
မျိုးစန္ဒာမောင် - စုစည်းသည်

No comments:

Post a Comment