Tuesday, August 2, 2016

ဆယ်ကျော်သက်အရွယ် ကျန်းမာရေးပညာပေးဆွေးနွေးပွဲပြုလုပ်




The Mirror Daily's photo.


ဘီးလင်း သြဂုတ် ၁

ဘီးလင်းမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျန်းမာရေးအသိပညာ ပေးဆွေးနွေးပွဲကို ဇူလိုင် ၃ဝ ရက် နံနက်က မြို့နယ်အခြေခံပညာအထက် တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်၊။

ဆွေးနွေးပွဲတွင် မြို့နယ် လက်ထောက်ပညာရေးမှူး ဦးကြည်ထွန်းက အဖွင့်အမှာစကားပြောကြား ပြီး လူမှုဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင် ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းထင်က ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူများ သိရှိထားသင့်သည့် မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေး မှုများကို ဟောပြောခဲ့သည်၊။

အဆိုပါ ဆွေးနွေးပွဲကို ဘီးလင်း အထက်တန်းကျောင်းမှ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း ကျောင်းသား ကျောင်းသူများဖြင့် နှစ် ရက်ကြာ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ယင်းဆွေးနွေးပွဲမှ ၎င်းတို့၏နားလည်မှုစွမ်းရည်ကို သိရှိနိုင်စေရန် ဆွေးနွေးပွဲအကြိုနှင့် အပြီးဆန်းစစ် လွှာမေးခွန်းများကို အုပ်စုဖွဲ့ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment