Tuesday, August 2, 2016

ဒရမ်မာဇတ်ကားသစ်ဖြင့် ပရိသတ်ရင်ထဲ ထမ်မံရောက်ရှိလာဦးမည့် လီယောင်အေး




The Mirror Daily's photo.
တောင်ကိုရီးယား နန်းတွင်းဇာတ်ကားတစ်ကားဖြင့် အာရှဒေသတစ်လွှားရှိ ပရိသတ်များရင်ထဲ စွဲငြိစေခဲ့သူ တောင်ကိုရီးယားမင်းသမီး လီယောင်အေးအနေဖြင့် လာမည့် အောက်တိုဘာလတွင် Saimdang, the Herstory ဟု အမည်ရှိ ဒရမ်မာ ဇာတ်ကားသစ်ဖြင့် ပရိသတ်များရင်ထဲ ထပ်မံရောက်ရှိလာဦးမည်ဖြစ်သည်။

ထို့ပြင် အသက်(၄၅)နှစ်အရွယ်ရှိ မင်းသမီး လီယောင်အေးသည် သြဂုတ်လထုတ် Lifestyle မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် J LOOK ၏ သြဂုတ်လထုတ် စာအုပ်တွင် မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခြင်းခံထားရပြီး ယင်းမဂ္ဂဇင်းတွင် လီယောင်အေး၏ အသားအရေထိန်းသိမ်းနည်းနှင့်ပတ်သက်ပြီး ဖော်ပြထားကြောင်း သိရသည်။

''ကျွန်မက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းဆိုရင် ပစ္စည်းကောင်းတစ်မျိုးထဲကို ပဲ စွဲသုံးဖြစ်ပါတယ်။ ကျွန်မအသားအရေက အရမ်းအကောင်းကြီးထဲ မပါပါဘူး။ ဒါပေမယ့် ဂရုစိုက်ရပါတယ်''ဟု အဆိုပါမဂ္ဂဇင်းကို လီယောင်အေးက ဖြေကြားထားခဲ့သည်။
မျိုးစန္ဒာမောင် - စုစည်းသည်

No comments:

Post a Comment