Tuesday, August 2, 2016

ပထမဆုံးအကြိမ် ပရိသတ်တွေ့ဆုံပွဲအတွက် အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခဲ့သည့် Minzy



The Mirror Daily's photo.
အမျိုးသမီးကေပေါ့ပ်အဖွဲ့ 2NE1 မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Minzy က ၎င်း၏ပထမဆုံးအကြိမ် ကျင်းပမည့် ပရိသတ်တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Minzy ၏ အေဂျင်စီသစ်ဖြစ်သည့် Music Works အင်န်တာတိန်းမန့်မှ သြဂုတ် ၁ ရက်က ထုတ်ပြန်ကြေညာချက်အရ တေးသံရှင် Gong Minzy ၏ ပထမဆုံးအကြိမ် ပရိသတ်တွေ့ဆုံပွဲကို သြဂုတ် ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် Cheongdam Cine မြို့ရှိ The Private Cinemaတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် ပရိသတ်အယောက် ၄ဝ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
တေးသံရှင် Minzy အနေဖြင့် ပရိသတ်များနှင့်အရင်းနှီးဆုံး ဆုံတွေ့နိုင်မည့် ပွဲတစ်ပွဲအဖြစ်လည်း မျှော်လင့်ထားကြောင်းနှင့် တက်ရောက်လာကြသည့် ပရိသတ် တစ်ဦးချင်းစီအတွက် အမှတ်တရလက်ဆောင်များကိုလည်း စီစဉ်ထားကြောင်း အေဂျင်စီ၏ ကြေညာချက်အရ သိရသည်။
2NE1 မှ အဖွဲ့၏ အဓိကအကမယ်တစ်ဦးဖြစ်ခဲ့သူ Minzy သည် လွန်ခဲ့သည့် ဧပြီ ၅ ရက်က အဖွဲ့မှ ထွက်ခွာခဲ့ပြီး Music Works အင်န်တာတိန်းမန့်နှင့် လက်တွဲခဲ့ကာ မေလအတွင်းက တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
မျိုးစန္ဒာမောင် - စုစည်းသည်

No comments:

Post a Comment