Tuesday, August 2, 2016

ပီလီနှင့် မာရာဒိုနာတို့ထက် မက်ဆီပိုကောင်းကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် ပြောကြား

The Mirror Daily's photo.
ဘာစီလိုနာစူပါစတား တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဘောလုံးသမိုင်းတွင် အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ကြောင်း ကက်သလစ်ဘုရားကျောင်း၏ အကြီးအကဲ တစ်ဦးဖြစ်သူ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ၄င်း၏ ယုံကြည်ချက်ကို ဖွင့်ဟပြောကြားခဲ့သည်။
တိုက်စစ်မှူး မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ပေးအပ်ချီးမြှင့်သည့် ဘလွန်းဒီအောဆုကို ငါးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သည့်ကစားသမားလည်း ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာအသင်းအတွက်ရော အာဂျင်တီး နားအသင်းအတွက်ပါ အချိန်တိုင်း ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ခြင်းကြောင့် လက်ရှိရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုကိုကျော်ဖြတ်နိုင်ခဲ့သည့်အပြင် ယခင်က ကမ္ဘာ့ဘောလုံးလောကတွင် အကောင်းဆုံးဟုသတ်မှတ်ခံခဲ့ ရသည့် ပီလီနှင့် ဒီယေဂိုမာရာဒိုနာတို့ထက်ပင် မက်ဆီက ပိုကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်အတွက်တော့ မက်ဆီဟာ ပီလီနဲ့ မာရာဒိုနာတို့ထက် ပိုကောင်းပါတယ်''ဟု ကမ္ဘာ့လူငယ် များနေ့အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသား များနှင့် အမျိုးသမီးများအား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူးမက်ဆီသည် အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂ဝ၁၆ ကိုပါအမေရိက ဖလားပြိုင်ပွဲတွင်မူ နောက်ဆုံးဗိုလ်လုပွဲ၌ ချီလီအသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူ လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သူဖြစ်သည်။
ယင်းသို့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝ မှ အနားယူကြောင်းကြေညာခဲ့သော်လည်း ကလပ်အသင်း အတွက် အကောင်းဆုံးစွမ်းဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ဘာစီလိုနာအသင်းက ဆဲလ်တစ် အသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နိုင်ငံတကာ ချန်ပီယံဖလားပွဲစဉ်တွင်မူ တိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ပါဝင်ကစားခဲ့သည်။
တိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ပွဲပေါင်း ၃၄၈ ပွဲကစားပေးခဲ့ရာတွင် ၃၁၂ ဂိုးသွင်းယူ ပေးထားနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းအတွက်မူ ပွဲပေါင်း ၁၁၃ ပွဲတွင် သွင်းဂိုး ၅၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဒီယေဂိုမာရာဒိုနာသည် ကစားသမားဘဝတွင် ဘာစီလိုနာ အသင်း၊ နာပိုလီအသင်းနှင့် ဆီဗီလာအသင်းတို့အပါအဝင် ကလပ်အသင်းခုနစ်သင်းတွင် ပါဝင်ကစားခဲ့ဖူးပြီး ပွဲစဉ် စုစုပေါင်း ၄၉၁ ပွဲကစားခဲ့ကာ သွင်းဂိုး ၂၅၉ ဂိုးသွင်းယူနိုင်ခဲ့သည်။ အာဂျင်တီးနားအသင်းအတွက်မူ ၉၁ ပွဲတွင် ၃၄ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ဘရာဇီးဂန္ထဝင်ကစားသမား ပီလီမှာမူ ဆန်းတို့စ် အသင်းနှင့် နယူးယောက်ကော့မို့စ်အသင်းတို့နှင့်အတူ ပွဲပေါင်း ၆၉၄ ပွဲပါဝင်ကစားခဲ့ကာ သွင်းဂိုး ၆၅ဝ သွင်းယူ ပေးနိုင်ခဲ့ပြီး ဘရာဇီးအသင်းအတွက်လည်း ၉၁ ပွဲတွင် ၇၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment