Monday, August 29, 2016

Man of the Year 2016 ဆုရရှိဆွတ်ခူးခဲ့သူ ဖိလစ်ပိုင်နိုင်ငံသား Karan Singhdole

Image may contain: 1 person , people smiling
ယခုနှစ်အတွက် Man of the Year 2016 ဆုကို ဖိလစ်ပိုင်နိုင်ငံမှ အသက်(၂၃)နှစ်အရွယ် မော်ဒယ်တစ်ဦး ဖြစ်သူ Karan Singhdole က ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆုပေးပွဲအခမ်းအနားကို သြဂုတ် ၂ဝ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးဆန်ခါတင် ပြိုင်ပွဲဝင် ၁ဝ ဦးကို ကျော်လွန်ကာ Karan Singhdole က ဆွတ်ခူးရရှိခဲ့ ခြင်းဖြစ်ပြီး 1st Runner up ဆုရှင်အဖြစ် လက်ဘနွန်နိုင်ငံမှ Tarek Moaykel ကလည်းကောင်း၊ 2nd Runner up ဆုရှင်အဖြစ် နယ်သာလန်နိုင်ငံ သား Tim Bertrams ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
အိန္ဒိယလူမျိုး မိဘများမှ မွေးဖွားပြီး ဖိလစ်ပိုင်နိုင်ငံ တွင် မွေးဖွားကြီးပြင်းလာခဲ့သူ Karan Singhdole သည် ယခုတွင် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာလုပ်ငန်းများတွင် သံတမန်တစ်ဦး အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးစန္ဒာမောင်

No comments:

Post a Comment