Monday, August 29, 2016

လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၆၂ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

No automatic alt text available.
နေပြည်တော် သြဂုတ် ၂၈
မူးယစ်တပ်ဖွဲ့စု (၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂၇ ရက်က လွိုင်လင်မြို့နယ် ကာလိ-မိုင်းပျင်းသွားကားလမ်း တာကော် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ စိုင်းဇောတိက မောင်းနှင်လာသည့် 3H ကန်တာအမျိုးအစား အဖြူရောင် ကွန်တိန်နာ ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၂ဝဝဝ (ဒေသတန်ဖိုး ငွေကျပ်သိန်း ၃၆၂ဝ)၊ TNT ယမ်းပြင်း အတုံး ၄ဝ၊ ကာဘိုင်ကျည် ၄၅ တောင့်၊ မြန်မာငွေကျပ် တစ်သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်။
အလားတူ သြဂုတ် ၂၇ ရက်က မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေးမြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် မူဆယ်-မန္တလေး ဆန်းသစ် ခရီးသည်တင် မှန်လုံယာဉ်တွင် လိုက်ပါလာသည့် ခရီးသည် မသက်မာထွေးနှင့် ချစ်စံတို့ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၄ဝ သိမ်းဆည်းရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment