Monday, August 29, 2016

အာရှအမျိုးသားကလပ် ဘော်လီဘော ပြိုင်ပွဲဆက်လက်ကျင်းပ



Image may contain: basketball court and one or more people
နေပြည်တော် သြဂုတ် ၂၈
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အာရှအမျိုးသား ကလပ် ဘော်လီဘောပြိုင်ပွဲ ဒုတိယအုပ်စုလက်ရည်စစ်ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ ၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြသည်။
ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ပထမ ပွဲစဉ်အဖြစ် အုပ်စု(F)မှ ဂျပန် ကလပ်အသင်းနှင့် ကာဇက်စတန် ကလပ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျပန်ကလပ်အသင်းက (၂၅-၂ဝ)မှတ်၊ (၂၅-၁၈) မှတ်၊ (၂၅-၂ဝ)မှတ် သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် အုပ်စု(E)မှ မြန်မာအသင်းနှင့် ကာတာကလပ် အသင်းတို့ ယှဉ်ပြိုင်ကစားရာကာတာကလပ်အသင်းက (၂၅-၁၇) မှတ်၊ (၂၅-၁၉) မှတ်၊ (၂၅-၂၁)မှတ် သုံးပွဲ ပြတ်လည်းကောင်း၊ တတိယပွဲစဉ်အဖြစ် အုပ်စု(F)မှ တိုင်ပေကလပ် အသင်းနှင့် အီရန်ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ အီရန်ကလပ် အသင်းက (၂၅-၂၁)မှတ်၊ (၂၆-၂၄) မှတ်၊ (၂၅-၂ဝ)မှတ်၊ သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိ သွားပြီး ဝဏ္ဏသိဒ္ဓိအားကစား (C)ရုံ၌ ပထမပွဲစဉ်အဖြစ် အုပ်စု(H)မှ အီရတ် ကလပ်အသင်းနှင့် ဟောင်ကောင် ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အီရတ်ကလပ်အသင်းက (၂၅-၂၁) မှတ်၊ (၂၅-၁၈) မှတ်၊ (၂၅-၁၃)မှတ်၊ သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် အုပ်စု(H)မှ အင်ဒို နီးရှားကလပ်အသင်းနှင့် မလေးရှား ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားကလပ်အသင်းက (၂၅-၂၃)မှတ်၊ (၂၅-၁၇)မှတ်၊ (၃ဝ-၃၂)မှတ်၊ (၂၅-၁၆)မှတ် သုံးပွဲ တစ်ပွဲဖြင့် အသီးသီးအနိုင်ရရှိသွားသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ၌ ညနေ ၆ နာရီခွဲတွင် စတုတ္ထ ပွဲစဉ်အဖြစ် အုပ်စု(E)မှ တရုတ်ကလပ် အသင်းနှင့် ဗီယက်နမ်ကလပ်အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
(မောင်မောင်ဇော်)

No comments:

Post a Comment