Wednesday, August 3, 2016

တီးတိန်မြို့နယ် ထေးဇန်ကျေးရွာအဝင်လမ်း မြေပြိုပျက်စီး

The Mirror Daily's photo.
တီးတိန် သြဂုတ် ၂
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်တို့ ဆက် သွယ်ရာ အဓိကကုန်သွယ်လမ်းမကြီး ဖြစ်သော တီးတိန်မြို့နယ် ထေးဇန် ကျေးရွာအနီး အဝင်လမ်းမကြီးတွင် သြဂုတ် ၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုမှုကြောင့် ကလေးမြို့ မှ ချင်းပြည်နယ်သို့ ယာဉ်သွားလာ မှု၊ ကုန်စည်စီးဆင်းမှုများ ယာယီပြတ် တောက်ခဲ့ပြီး ယင်းလမ်းပြိုသည့် နေရာသို့ရောက်ရှိကြသော မော်တော် ယာဉ်များလည်း ကလေးမြို့သို့ ပြန်လှည့်လာကြရာ ယခုအချိန်တွင် ဆိုင်ကယ် ဖြတ်သန်းသွားလာမှု အတွက်ပင် အလွန်ခက်ခဲလျက်ရှိ ကြောင်း သိရသည်။
ဂျိုးနက်

No comments:

Post a Comment